နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် လုံခြုံရေးအခြေအနေ ရှုပ်ထွေး


 နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှာ မနေ့က ပါတီညီလာခံနှင့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲအပြီး အခြေအနေ တင်းမာမှုနှင့် ရှုပ်ထွေးမှုများ ဖြစ်ပွားနေပါတယ်။ လုံခြုံရေး ရဲနှင့် စစ်တပ်ကပါ ပါတီဌာနချုပ်ကို ၀ိုင်းရံထားတယ်လို့ သတင်းများ ထွက်ပေါ်ပေမယ့် အတည်ပြုချက် အတိအကျ မရသေးပါဘူး။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်းကတော့ ည ၉ နာရီလောက်ကစပြီး ဌာနချုပ်သို့ အ၀င်အထွက်တွေ ပိတ်ဆို့ထားကြောင်း အတည်ပြု ပြောဆိုပါတယ်။

(ဦးတိုးနိုင်မန်း)



ဖုန်းအဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့အတွက် အသေးစိတ်ကိုတော့ ထပ်မံ မသိရှိရသေးပါဘူး။

နေပြည်တော် နေအိမ်မှာရှိနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိန်းကလည်း အခြေအနေတွေ ရှုပ်ထွေးနေပြီး ဂဃနဏ မသိနိုင်သေးတဲ့အတွက် ပြောရခက်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

(ဦးမောင်မောင်သိန်း)



ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် လုံခြုံရေးအခြေအနေ ရှုပ်ထွေး  နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် လုံခြုံရေးအခြေအနေ ရှုပ်ထွေး Reviewed by သစ်ထူးလွင် on 03:12 Rating: 5
Powered by Blogger.