“ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅မိုင် ၂ဖာလုံတွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်”


 ယနေ့ (၁၀-၈-၂၀၁၅)ရက်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၅ မိုင် ၂ ဖာလုံ ရန်ကုန်မြို့မှ လားရှိုးမြို့သို့ ဦးတည်သွားသည့် ရွှေလီဦးယာဉ်လိုင်း မှ အမြန်ယာဉ် 4D/ 3075 ကားတိမ်းမှောက်ခဲ့ကြောင်း၊ ယနေ့ည ၇ နာရီ ၂၅ မိနစ်တွင် အဆိုပါ ကားတိမ်းမှောက်ရာတွင် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသော ရဲအုပ် ဝင်းထွန်းအောင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုအရ ကားပေါ်တွင် ခရီးသည် (၃၆)ဦး ပါရှိကြောင်းနှင့် ယခုလက်ရှိ အချိန်တွင် ကျား(၂)ဦး၊ မ(၄)ဦး ပေါင်း(၆)ဦး သေဆုံးနေပြီဖြစ်ကြောင်း ကားထဲတွင် ပိတ်မိသေဆုံးနေသူမှာ (၃) (၄)ဦးခန့်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို အနီးဆုံး ရှိ ဖြူး ဆေးရုံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း ကနဦးသတင်း သိရှိ ရသည်။ ထပ်မံသိရှိရပါက ဆက်လက်ဖော်ပြပေးပါမည်။

( ဓာတ်ပုံ - သက်ပိုင်လတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
“ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅မိုင် ၂ဖာလုံတွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်”   “ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅မိုင် ၂ဖာလုံတွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်” Reviewed by သစ်ထူးလွင် on 20:05 Rating: 5
Powered by Blogger.