မိုးအဆက်မပြတ်ရွာပြီး စစ်တောင်းမြစ်ရေထောက်သဖြင့် နေရာအနှံ့အပြားရေ၀င်နေ


 ရေတာရှည် ဇူလိုင် ၃ဝ

 ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်အတွင်း နေ့စဉ်ရက်ဆက်နေ့ ရော ညပါအဆက်မပြတ်မိုးရွာသွန်း နေပြီး စစ်တောင်းမြစ်ရေခံနေသဖြင့် ရေကျဆင်းခြင်းမရှိဘဲ လယ်မြေများ အပါအဝင် နေရာအများအပြား ရေနစ်မြုပ်နေကြောင်း သိရသည်။

''ဒီရက်ပိုင်းမှာ စစ်တောင်းမြစ်ရေ ကထောက်နေပြီ။ မြစ်ရေကထောက် နေတော့ ရေက တော်တော်နဲ့မလျော့ ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ကျေး ရွာအုပ်စုထဲက ကွင်းအမှတ် ၆၄၈(က)နဲ့ ၆၄၉(ခ)ကွင်းတွေမှာ တောင်သူ ၂၁၅ဦးရဲ့ လယ် ၈၇၆ ဧက လောက် လက်ရှိရေမြုပ်နေတယ်''ဟု အင်ဒိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ပုကပြောသည်။ ဝါးရုံတော ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၆၅၅ တွင်လည်း တောင်သူ ၇ဝ ခန့်၏လယ်မြေ ၁၁၁ ဧက ရေနစ်မြုပ်လျက် ရှိကြောင်း ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ဦးမြင့်ဦးက ပြောသည်။

ရေတာရှည်မြို့ မြောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းဝဲယာရှိ လယ်မြေများ၊ ရေတာရှည်မြို့တောင် ဘက် နန်ချွန်ကျေးရွာဝန်းကျင်နေရာ များ၊ ဝါးရုံတောကျေးရွာအုပ်စု၊ ပီတူး ကျေးရွာအုပ်စုနှင့် အင်ဒိုင်းကျေးရွာ အုပ်စုများမှ လယ်မြေများတွင် ရက် ရှည်ရေဝင်နစ်မြုပ်နေသည်ကို တွေ့ရ သည်။ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက လည်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ချောင်းငယ်မြောင်းငယ်များမှ ရေများ ဆက်လက်ဝင်ရောက်ကာ ကျွန်းတောကုန်း-နှောပင်ကျေးရွာ လမ်းပေါ်မှ အရှည်ပေ ၁၅ဝ ရှိ လိပ် ကြယ်တံတားပေါ်တွင် နှစ်ပေခန့် ရေကျော်နေသည်ကို တွေ့ရသည်။

ရေဝင်ရောက်သောကျေးရွာများမှ ဒေသခံပြည်သူများနှင့် ကျွဲနွားများ အတွက် ကျန်းမာရေးစောင့်ရှောက် မှုများ လိုအပ်လျက်ရှိသည်။ ယခုရက် ပိုင်းအတွင်း စစ်တောင်းမြစ်ရေမှာ လည်း နေ့စဉ်မြင့်တက်လျက်ရှိပြီး မြစ် ရေအချိန်မရွေးတက်လာနိုင်သည့် အတွက် စစ်တောင်းမြစ်ကြောင်းတစ် လျှောက်ရှိ ကျေးရွာများအနေဖြင့် နေ့စဉ် မိုးလေဝသသတင်းများကို သတိပြုနားထောင်ကာ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်းလည်း သိရ သည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးအဆက်မပြတ်ရွာပြီး စစ်တောင်းမြစ်ရေထောက်သဖြင့် နေရာအနှံ့အပြားရေ၀င်နေ    မိုးအဆက်မပြတ်ရွာပြီး စစ်တောင်းမြစ်ရေထောက်သဖြင့် နေရာအနှံ့အပြားရေ၀င်နေ Reviewed by THITHTOOLWIN on 03:27 Rating: 5
Powered by Blogger.