အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသားထံသို့ အပျိုပန်းဦးခြွေရန် ရောင်းချသူများအား တာချီလိတ်၌ စစ်ဆေးနေ


 အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေး တစ်ဦးအား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် အိမ်ဖော်အလုပ် ရမည်ဟုဆိုကာ ရောင်းချရန် စီစဉ်နေသည့် ထိုင်းနိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသူတစ်ဦးအား တာချီလိတ်မြို့မ ရဲစခန်း၌ လူကုန်ကူးမှုဖြင့် စစ်ဆေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံသား Mr. Som Chai (ခ) Janworarat နှင့် အသက် ၁၄ နှစ် အရွယ် မြန်မာမိန်းကလေးအား ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ အမှတ် ၁ ချစ်ကြည်ရေးတံတားတွင် သြဂုတ် လ ၈ ရက်က မသင်္ကာဖွယ်ရာ တွေ့ ရှိသဖြင့် စစ်ဆေးရာမှ မိန်းကလေးငယ်အား မြန်မာပွဲစား အမျိုးသမီး တစ်ဦးက လိမ်ညာပြောဆိုပြီး အဆိုပါ ထိုင်းနိုင်ငံသားထံ အပျိုပန်းဦးခြွေရန် လွှဲပြောင်းပေးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သ ဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် ၁ တာချီလိတ်ထံမှ သိရသည်။

“ပွဲစားအမျိုးသမီးက အရင်က ၁၅ နှစ်အရွယ် ကောင်မလေး ၂ ယောက် ကိုလည်း အဲဒီ ထိုင်းနိုင်ငံသားနဲ့ပဲ ပန်းဦးခြွေဖို့ လွှဲပေးခဲ့ဖူးတယ်။ မိန်းကလေးငယ်တွေကို အဲ့ဒီလိုဖောက်ပြီး မြန်မာနိုင်ငံကိုပြန်ပို့တယ်။ အရင် ၂ ယောက် ကတော့ မြန်မာဘက်ခြမ်းမှာပဲ ဖြစ်သွားပြီး အခုတစ်ယောက် ကတော့ ထိုင်း ဘက်ခြမ်းကို ခေါ်ဆောင်လာရာမှာ ဖမ်းမိတာပါ” ဟု နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်းနိုင်က ပြောသည်။

ခေါ်ဆောင်ခံရသူ မိန်းကလေးငယ်သည် ရှမ်းပြည်နယ်၊ မိုင်းခုတ်မြို့နယ် နေထိုင်သူဖြစ်ပြီး အဒေါ်ဖြစ်သူရှိရာ ယန်းခမ်းမိုင် ၂ ရွာသို့ သွားရောက်ပြီး လယ်ယာလုပ်ငန်း ကူညီနေရာမှ ၎င်းရွာနေ မနန်းအမ်းဆိုသူ အမျိုးသမီးက မယ်ဆိုင်တွင် အလုပ်ပေါသဖြင့်အိမ်ဖော်လုပ်ရန် သူဌေး တစ်ဦးထံ ပို့ဆောင်ပေး မည်ဟု ပြောဆိုခေါ်ဆောင်ပြီး တာချီလိတ်တွင် ထိုင်းနိုင်ငံသားထံဘတ် ၂၀၀၀ ဖြင့်လွှဲပြောင်းပေးခဲ့ကြောင်း ရဲစခန်း ထွက်ဆိုချက်များအရ သိရသည်။

ထိုင်းနိုင်ငံသား Mr. Som Chai (ခ) Janworarat သည် လွန်ခဲ့သော ၂ လ ခန့်ကလည်း တာချီလိတ်သို့ လာရောက် လည်ပတ်စဉ် ရီဂျီးနားဟိုတယ်၌ လူပွဲစားနန်းအမ်းနှင့် တွေ့ဆုံခဲ့ပြီး အပျို ပန်းဦးခြွေရန်အတွက် ပွဲစားခ ဘတ် ၉၀၀၀ ယူကာ အမျိုသမီးငယ် ၂ ဦးကို မနန်းအမ်းက ရှာပေးခဲ့ဖူးကြောင်း ရဲစခန်းထွက်ဆိုချက်များအရ သိရသည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသားထံသို့ အပျိုပန်းဦးခြွေရန် ရောင်းချသူများအား တာချီလိတ်၌ စစ်ဆေးနေ   အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသားထံသို့ အပျိုပန်းဦးခြွေရန် ရောင်းချသူများအား တာချီလိတ်၌ စစ်ဆေးနေ Reviewed by THITHTOOLWIN on 04:20 Rating: 5
Powered by Blogger.