ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ရွံ့နွံအိုင်ပြိုဆင်းလို့ ရွာပျက်ပြီး လူအသေအပျောက်ရှိ

ဟားခါးလေးရွာ ၂၈.၈.၁၅ ညနေ ၄ နာရီ။ ဓါတ်ပုံ - ThantZin Lynn (fb)
  စစ်ကိုင်းတိုင်း ကလေးမြို့အနားက ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဒီနေ့မနက် ၂ နာရီကျော်လောက်က မိုးသည်းပြီး ရွံ့နွံအိုင်ကြီး ပြိုဆင်းတဲ့အတွက် ရွာနှစ်ရွာလောက်ပျက်စီးသလို၊ လူအသေအပျောက်ရှိပြီး၊ တောင်ကြားတွေမှာ ပိတ်မိနေကြတယ်လို့ သိရပါတယ်။

 ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေသခံရွာသားတွေက ကလေးမြို့ကိုရောက်လာကြသလို၊ တချို့က ရာဇင်္ဂြိုလ်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကလေးမြို့မှာ ရေဘေးပြန်လည် ထူထောင်ရေးဆောင်ရွက်နေတဲ့ ကလေးမြို့ ၈၈ မျိုးဆက်အဖွဲ့က ကိုဘကြူးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese


ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ရွံ့နွံအိုင်ပြိုဆင်းလို့ ရွာပျက်ပြီး လူအသေအပျောက်ရှိ   ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ရွံ့နွံအိုင်ပြိုဆင်းလို့ ရွာပျက်ပြီး လူအသေအပျောက်ရှိ Reviewed by THITHTOOLWIN on 06:57 Rating: 5
Powered by Blogger.