မီးအားမြင့်စက်အပူလွန်ရာမှ တောင်ကြီးမြို့ ရွှေတောင်ကြား အိမ်ယာရှိ နေအိမ်တလုံးမီးလောင်


 သြဂတ်စ်လ ၂၁ ရက် ၂၀၁၅

 တောင်ကြီးမြို့ ၊ ကံကြီးရပ်ကွက်ရွှေတောင်ကြားအိမ်ယာတွင် သြဂတ်စ်လ ၂၁ ရက် မနက် ၂ နာရီက အိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက် နေပြည်သူများထံမှသိရသည် ။

ရွှေတောင်ကြားအိမ်ယာရှိ နေအိမ်တလုံးအား လှေခါးအောက် မီးအားမြင့် စက်အပူရှိန်လွန်ကဲရာမှ အနီးရှိပြတင်းပေါက်ကျွန်းတံခါးမှတစ် ဆင့်အိပ်ခန်း သို့ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းတာဝန် ရှိသူ များထံမှသိရသည် ။

မနက် ၃ နာရီက မီးငြိမ်းသတ်နိုင်ခဲ့ပြီး ၊ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ်လေးဆယ့် ရှစ်သိန်းခန့်ရှိကြောင်းထိခိုက်ဒဏ် ရာရသူနှင့် သေဆုံးသူမရှိကြောင်း၊ မီးလောင်ကျွမ်းမှုအတွက် အိမ်ရှင်ဖြစ်သူ အားတောင်ကြီးမြို့၊ အမှတ်(၁) မြို့မရဲစခန်းမှအမှုဖွင့် အရေးယူထားကြောင်း ဆက်လက်သိရှိရသည် ။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
https://www.facebook.com/Panglong.burmese
မီးအားမြင့်စက်အပူလွန်ရာမှ တောင်ကြီးမြို့ ရွှေတောင်ကြား အိမ်ယာရှိ နေအိမ်တလုံးမီးလောင်  မီးအားမြင့်စက်အပူလွန်ရာမှ တောင်ကြီးမြို့ ရွှေတောင်ကြား အိမ်ယာရှိ နေအိမ်တလုံးမီးလောင် Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.