ရန်ကုန်-မန္တလေး အမြန်လမ်း(၁ဝ၅)မိုင်တွင် ရန်ကုန်-လားရှိုး ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်


 ရန်ကုန် သြဂုတ် ၁ဝ

 ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၁ဝ၅)အနီး တွင် သြဂုတ် ၁ဝ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ကနဦးသိရှိရသော သတင်းများအရ ကျား သုံးဦး၊ မ လေးဦး သေဆုံးကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် ယာဉ်တိမ်းမှောက်သည်ဟု မသိရသေးသော်လည်းယာဉ်မှာ ကျွမ်းထိုးမှောက်ခုံအနေ အထားဖြစ်နေကာ ကားအတွင်းမှ ခရီးသည်များ အပြင်သို့ လွင့်စဉ်ခဲ့ဟန်ရှိပြီး ကျား ၁၅ ဦး၊ မ ၁ဝ ဦးတို့လည်း ဒဏ်ရာအသီးသီးရရှိသွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကို အရေးပေါ်ကယ်ဆယ်ရေး များပြုလုပ်ခဲ့ကာ ဒဏ်ရာရရှိသူများကို အနီးဆုံးရှိ ဖြူးမြို့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တိမ်းမှောက်သည့်ယာဉ်လိုင်းမှာ ရွှေလီဦးလိုင်းမှဖြစ်ပြီး ရန်ကုန်မြို့မှ လားရှိုးမြို့သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

(သက်ပိုင်လတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရန်ကုန်-မန္တလေး အမြန်လမ်း(၁ဝ၅)မိုင်တွင် ရန်ကုန်-လားရှိုး ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်  ရန်ကုန်-မန္တလေး အမြန်လမ်း(၁ဝ၅)မိုင်တွင် ရန်ကုန်-လားရှိုး ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက် Reviewed by သစ်ထူးလွင် on 09:20 Rating: 5
Powered by Blogger.