 ပြည်​သူ​က ​မ​နှစ်​မြို့​ရင် ​အာ​ဏာ​မှာ ​တွယ်​ကပ်​မ​နေ​ဘူး​လို့ ​ဒေါ်​စု​ပြော

 အာ​ဏာ​ကို ​မ​တွယ်​ကပ်​လို​တဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်
 အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​ဥ​က္က​ဌ ​ကော့​မှူး​မြို့​နယ် ​ပြည်​သူ့ ​လွှတ်​တော် ​ကိုယ်​စား​လှယ် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​စည်း​ရုံး​ရေး ​ခ​ရီး​စဉ်​အ​ဖြစ် ​ဩ​ဂုတ်​လ ၂၁ ​ရက်​နေ့ ​ည​နေ ၃ ​နာ​ရီ​က ​သံ​လျင်​မြို့ ​ကျိုက်​ဒေး​ရုံ ​ဘု​ရား​ကြီး​ရှေ့ ​ကွင်း​ပြင်​မှာ ​ဒေ​သ​ခံ ​ပြည်​သူ​တွေ​နဲ့ ​တွေ့​ဆုံ​ပြီး ​မိန့်​ခွန်း​ပြော​ခဲ့​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မိ​မိ​အ​နေ​နဲ့ ​ပြည်​သူ​ကို ​လွယ်​လွယ် ​က​တိ​ပေး​လေ့ ​မ​ရှိ​ပေ​မယ့် ​အ​ခု​တော့ ​က​တိ​တ​ခု ​ပေး​မှာ​ဖြစ်​ကြောင်း၊ ​အဲ​ဒါ​က ​မိ​မိ​အ​နေ​နဲ့ ​ပြည်​သူ​က ​မ​နှစ်​မြို့​ရင် ​အာ​ဏာ​မှာ ​တွယ်​ကပ် ​မ​နေ​ပါ​ဘူး ​ဆို​တာ ​က​တိ​ပြု​ကြောင်း ​ပြော​ကြား​ခဲ့​ပါ​တယ်။

ဒီ​နောက် ​ပြည်​သူ​များ​ရဲ့ ​အ​မေး​ကို ​ဖြေ​ကြား​ရာ​မှာ ​သူ​ရ ​ဦး​ရွှေ​မန်း​နဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ဆက်​ဆံ​ရေး​နဲ့ ​ပတ်​သက်​တဲ့ ​မေး​ခွန်း​ကို ​မိ​မိ​အ​နေ​နဲ့ ​နိုင်​ငံ​အ​ကျိုး၊ ​ပြည်​သူ့​အ​ကျိုး​ရှိ​မယ် ​ဆို​ရင် ​ဘယ်​သူ​နဲ့ ​မ​ဆို ​ပူး​ပေါင်း ​ဆောင်​ရွက်​မယ်​လို့ ​ပြော​ကြား​ခဲ့​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
 ပြည်​သူ​က ​မ​နှစ်​မြို့​ရင် ​အာ​ဏာ​မှာ ​တွယ်​ကပ်​မ​နေ​ဘူး​လို့ ​ဒေါ်​စု​ပြော   ​ ပြည်​သူ​က ​မ​နှစ်​မြို့​ရင် ​အာ​ဏာ​မှာ ​တွယ်​ကပ်​မ​နေ​ဘူး​လို့ ​ဒေါ်​စု​ပြော Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.