လိင်ကုန်ကူးခံရသူတွေ ကူညီမှုမရ

အများစု အကူအညီလိုအပ်နေပါတယ်။ (Credit: Reuters) 
  သြစတြေးလျနိုင်ငံမှာ ​လိင်မှုဆိုင်ရာ ​လူကုန်ကူးခံရတဲ့ ​နိုင်ငံခြားသူ ​၅၀% ​ကျော်ဟာ ​အစိုးရရဲ့ ​ကူညီထောက်ပံ့မှု ​မရကြဘူးလို့ ​ဆိုပါတယ်။

သြစတြေးလျ ​အစိုးရ ​ရဲတွေကို ​ပေးထားတဲ့ ​လုပ်ပိုင်ခွင့်ထဲမှာ ​လူကုန်ကူးခံရသူတွေလို့ ​သံသယရှိသူကို ​အစိုးရထောက်ပံ့ကြေး ​ပေးခွင့် ​မပေးခွင့်ဆိုတဲ့ ​အာဏာ ​ရှိနေပါတယ်။

အစိုးရ ​အထောက်အပံ့နဲ့ ​သွားနေတဲ့ ​ကြက်ခြေနီအသင်းက ​ပေးတဲ့ ​ဆေးဝါး၊ ​စိတ်ပိုင်းဆိုင်ရာ ​ကျန်းမာရေး၊ ​နေရာထိုင်ခင်း၊ ​နေထိုင်မှုစားရိတ်နဲ့ ​အင်္ဂလိပ်စာ ​သင်တန်းတွေကို ​ရရှိလိုတယ်ဆိုရင် ​လိင်ကုန်ကူးခံရသူတွေဟာ ​တရားစွဲဆိုရေးတွေမှာ ​ကိုယ်တိုင် ​ပါဝင်ရမယ်လို့ ​ပါရှိပါတယ်။

ပြီးခဲ့တဲ့ ​ဘဏ္ဍာရေး ​နှစ်ရဲ့ ​ထုတ်ပြန်ချက်အရ ​အမျိုးသမီး ​၈၈ ​ဦးမှာ ​၄၆ ​ဦးဟာ ​အစိုးရ ​ထောက်ပံ့ကြေး ​မရဘူးလို့ ​သိရပါတယ်။

Katri Uibu
ABC Radio Australia
http://www.radioaustralia.net.au/burmese
လိင်ကုန်ကူးခံရသူတွေ ကူညီမှုမရ   လိင်ကုန်ကူးခံရသူတွေ ကူညီမှုမရ Reviewed by THITHTOOLWIN on 11:56 Rating: 5
Powered by Blogger.