ဝန်ကြီး ဦးအောင်မင်း ရွေးကောက်ပွဲ ၀င်ဖို့ လွိုင်ကော်ခရိုင်မှာ စာရင်းပေး


 နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ ကနေ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ဖို့အတွက် လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှာ အမည်စာရင်းတင်လိုက်ပါတယ်။ ၀န်ကြီး ဦးအောင်မင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ လူဦးရေ ၄ထောင်ကျော်ရှိတဲ့ ရှားတောမြို့နယ် တစ်ခုလုံးပါဝင်တယ်လို့ လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးညီညီမင်းက ပြောပါတယ်။

"ဦးအောင်မင်းက ၁၁ ရက်နေ့က ကိုယ်စားလှယ်အနေနဲ့ တင်တာပါ၊ သူ့မဲဆန္ဒနယ်က ရှားတောမြို့တစ်မြို့လုံးပါ မဲဆန္ဒနံပါတ် ၇ ပါ လူဦးရေက လေးထောင်နီးပါရှိပါတယ်"

ဝန်ကြီး ဦးအောင်မင်း ရွေးကောက်ပွဲဝင်မယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီနဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီက ကိုယ်စားလှယ်လောင်းတွေလည်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။ ၀န်ကြီး ဦးအောင်မင်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့တာဖြစ်ပါတယ်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာလည်း ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၉ မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ထားပါတယ်။

ကယားပြည်နယ်တစ်ခုလုံးမှာ လူဦးရေ ၂သိန်း ၇သောင်းကျော်ရှိရာ အဲဒီထဲမှာ မဲပေးခွင့်ရှိသူ ၁သိန်းခွဲကျော်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဝန်ကြီး ဦးအောင်မင်း ရွေးကောက်ပွဲ ၀င်ဖို့ လွိုင်ကော်ခရိုင်မှာ စာရင်းပေး  ဝန်ကြီး ဦးအောင်မင်း ရွေးကောက်ပွဲ ၀င်ဖို့ လွိုင်ကော်ခရိုင်မှာ စာရင်းပေး Reviewed by သစ်ထူးလွင် on 09:26 Rating: 5
Powered by Blogger.