တ​ရုတ် ​ဗ​ဟို​ဘဏ်​က ​အ​တိုး​နှုန်း ​ဖြတ်​တောက်

တ​ရုတ်​နိုင်​ငံ​မှာ ​ရှစ်​နှစ်​အ​တွင်း ​အ​ဆိုး​ရွား​ဆုံး ​ဈေး​ကွက် ​ကျ​ဆင်း​မှု​တွေ ​နဲ့ ​ရင်​ဆိုင်
တ​ရုတ်​နိုင်​ငံ​မှာ ​ရှယ်​ယာ​ဈေး​တွေ ​ထိုး​ဆင်း​နေ​တာ​ကို ​တား​ဆီး​ဖို့​အ​တွက် ​ဗ​ဟို​ဘဏ်​က​နေ ​အ​တိုး​နှုန်း​ကို ​ဖြတ်​တောက် ​လိုက်​ပါ​တယ်။

ရှန်​ဟိုင်း ​စ​တော့​ဈေး​ကွက်​ဟာ ​ဒီ​အ​ပတ်​အ​စော​ပိုင်း​က ၈.၅ ​ရာ​ခိုင်​နှုန်း ​အ​ထိ​ကျ​ခဲ့​ပြီး ​အ​င်္ဂါ​နေ့​မှာ ၇ ​ရာ​ခိုင်​နှုန်း​ကျော် ​ထပ်​ကျ​ပြီး ​ဈေး​ပိတ်​သွား​ပါ​တယ်။

တ​ရုတ်​နိုင်​ငံ ​အ​စု​ရှယ်​ယာ​ဈေး ​ထိုး​ကျ​မှု​ဟာ ​ဇွန်​လ ​နောက်​ပိုင်း​မှာ ၄​ဝ ​ရာ​ခိုင်​နှုန်း​ထိ ​ကျ​ဆင်း​သွား​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

ဗ​ဟို​ဘဏ်​က​နေ ​အ​တိုး​နှုန်း ​ဖြတ်​တောက်​မှု​တွေ​လည်း ​မ​ကြာ​ခ​ဏ ​လုပ်​နေ​ရ​ပြီး ​နို​ဝင်​ဘာ​လ ​က​စ​လို့ ​အ​ခု​တ​ခါ​နဲ့​ဆို ၅​ကြိမ် ​ရှိ​ပြီ​ဖြစ်​ပါ​တယ်။

ဗ​ဟို​ဘဏ်​အ​နေ​နဲ့ ​အ​တိုး​နှုန်း ၀.၂၅ ​ရာ​ခိုင်​နှုန်း ​ဖြတ်​တောက် ​လိုက်​တဲ့​အ​တွက် ​တ​ရုတ်​ပြည်​က ​ဘဏ်​တွေ​အ​နေ​နဲ့ ​ငွေ​ထုတ်​ချေး​တဲ့​အ​ခါ​မှာ ​ပို​ပြီး ​လွယ်​ကူ​သွား​မယ်​လို့ ​စီး​ပွား​ရေး ​ကျွမ်း​ကျင်​သူ​တွေ​က ​ပြော​ပါ​တယ်။

တ​န​င်္လာ​နေ့​က ​ရှယ်​ယာ​ဈေး​တွေ ​သိ​သိ​သာ​သာ ​ထိုး​ဆင်း​သွား​တဲ့​အ​တွက် ​ထိပ်​သီး​ကု​မ္န​ဏီ​ကြီး​တွေ​ရဲ့ ​ရှယ်​ယာ ​တန်​ဖိုး ​ဒေါ်​လာ ​သန်း ၅​သိန်း​ဖိုး​လောက် ​ဆုံး​ရှုံး​ခဲ့​ရ​တယ်​လို့ ​သုံး​သပ်​မှု​တွေ​လည်း​ရှိ​နေ​ပါ​တယ်။

တ​ရုတ် ​ရှယ်​ယာ​ဈေး​ကွက် ​အ​ကြီး​အ​ကျယ် ​ကျ​ဆင်း​မှု ​ကြောင့် ​က​မ္ဘာ​တ​လွှား ​ရှယ်​ယာ​တွေ ​ထုတ်​ရောင်း​နေ​တာ​တွေ ​အ​များ​ကြီး ​တွေ့​နေ​ရ​ပါ​တယ်။

ဒီ​ဈေး​ကွက် ​ကျ​ဆင်း​မှု​ဟာ ​ရှစ်​နှစ် ​အ​တွင်း​မှာ ​အ​ဆိုး​ဆုံး ​ကျ​ဆင်း​မှု ​ဖြစ်​ပါ​တယ်။

ကျ​ဆင်း​မှု​မ​ရှိ​ဘူး​လို့ ​ထင်​ထား​ခဲ့​တဲ့ ​တ​ရုတ်​ဈေး​ကွက်​ဟာ ​အ​ခု​တော့ ​အ​ကျပ်​ရိုက်​နိုင်​တဲ့ ​အ​နေ​အ​ထား​ကို ​ရောက်​လာ​ပြီ​ဖြစ်​တဲ့​အ​တွက် ​အ​ခု​အ​နေ​အ​ထား​က​မှ​တ​ဆင့် ​နိုင်​ငံ​ရေး ​မ​တည်​ငြိမ်​မှု​တွေ ​ဖြစ်​လာ​မှာ​ကို ​စိုး​ရိမ်​မှု​တွေ​လည်း ​ရှိ​နေ​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
တ​ရုတ် ​ဗ​ဟို​ဘဏ်​က ​အ​တိုး​နှုန်း ​ဖြတ်​တောက်   ​တ​ရုတ် ​ဗ​ဟို​ဘဏ်​က ​အ​တိုး​နှုန်း ​ဖြတ်​တောက် Reviewed by THITHTOOLWIN on 02:49 Rating: 5
Powered by Blogger.