တတိုင်းပြည်လုံးအပစ်ရပ်ဖို့ ဆွေးနွေးနေချိန် SSPP/SSA တပ်စခန်းအား အစိုးရတပ်တိုက်ခိုက်


 ဂျူလိုင် ၂၃ ရက် ၂၀၁၅

 ရန်ကုန်မြို့တွင် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တတိုင်းပြည်လုံးအပစ်ရပ်ဖို့ ဆွေးနွေးနေချိန် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ နယ် အတွင်း ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအား အစိုးရ တပ်မတော်ဘက် သွားရောက်တိုက်ခိုက်ရာမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မြောက်ဘက် ၇ မိုင်အကွာ မိုင်းအောတ်ဒေ သ လွယ်နိုင်းအုပ်စု နားကောန် ရွာအနောက်မြောက်ဘက်ရှိ လွယ်ရဆေးတောင် ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ် ခမရ ၅၆၉ လက်အောက်ခံ စစ်ကြောင်းက ဂျူလိုင်လ ၂၁ ရက် နေ့ မွန်းတည့်ချိန်မှ ညမိုးချုပ်အထိတကြိမ်၊ ဂျူလိုင် ၂၂ ရက်နေ့ နံနက် ၆ နာရီမှ မွန်းတည့်ချိန်အထိတကြိမ် တိုက်ပွဲ များဖြစ်ပွားခဲ့သည်။

လက်ရှိတွင်လည်း အစိုးရတပ်မတော်ဘက်အင်အားတိုးဖြည့်နေသကဲ့သို့ သျှမ်းပြည်တပ်မတော်ဘက်ကလည်း အင်အားဖြည့်နေသည်ဟု သိရသည်။

ဆွေးနွေးပွဲတွေနဲ့ တိုက်ဆိုင်နိုင်လွန်းပါတယ်။ ကျနော်တို့ဘက်က ကိုယ့်နေရာ မှာဘဲနေပါတယ်။ ပြီးတော့ ကျနော်တို့ဘက်က စတိုက်တာ မဟုတ်ဘူး။ တိုက်ပွဲရပ်စဲပေးဖို့ စာပေးလိုက်တယ်။ တပြည်လုံးအပစ်ရပ်စဲရေးဆွေးနွေးေ ရးကနေ တိုက်ပွဲကိုဝိုင်းဝန်းတားပေးဖို့ပေါ့လေ။ ဆွေးနွေး တုန်းဖြစ်နေတယ် ဆိုတာက ရုပ်ပျက်တယ်လေ။ အခုထိဖြစ်နေတယ် - ဟု SSPP အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်က ပြောသည်။

အစိုးရတပ်မတော် ခမရ ၅၆၉ စစ်ကြောင်းအား ဗိုလ်မှူးမိုးဝင်းနိုင် က ဦးဆောင်ကြောင်း ဒေသအတွင်း၊ တိုက်ပွဲကြောင့် ထိခိုက်မှုရှိခဲ့ကြသော်လည်း ကျဆုံးမှုအရေအတွက် မသိရသေးကြောင်းဆိုပါသည်။

ဗမာတပ်တွေ တက်လာတာ လွန်ခဲ့တဲ့ ၄-၅ ရက်ကတည်းက။ တိုက်ပွဲ က ဖြစ်တော့မယ်ဆိုပြီး ရွာသားတွေက လန့်နေတာ။ ဒါပေမယ့် ဒီဘက်မှာ မဖြစ်ဘဲ မိုင်းအောတ်ဘက်မှာ သွားဖြစ်တယ် - ဟု ၀မ်းဟိုင်းဌာနချုပ် တောင် ဘက် နှစ်မိုင်ခန့်သာ ဝေးသည့် ၀မ့်ဆော့ရွာသား တဦးကပြောသည်။

မိုင်းနောင်မြို့နယ်ဘက်တွင်လည်း အစိုးရဘက်မှ စစ်ရေးပြင်ဆင်မှု များပြုလုပ်နေပြီး လက်နက်ကြီးဖြင့် အစမ်းပစ်ခတ် လေ့ကျင့်မှု ပြုလုပ်မ ည်ဟု ဒေသခံများထံ အသိပေးထားကြောင်း အမည်မဖော်လို သည့် ဒေသ ခံတဦး က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ဖြစ်ပေါ်သော အဆိုပါ စစ်ပွဲများ ရပ်စဲပေး ရန် တောင်းဆိုသည့်စာအား ရန်ကုန်သို့ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက် ရန် ရောက်ရှိနေသည့် စ၀်ခွန်ဆိုင်မှ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း ၊ ဦးသိန်းဇော် ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌများလက်သို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် အစိုးရနှင့် ပြည်ေ ထာင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသည့်တပ်ဖွဲ့ဖြစ်သကဲ့သို့၊ တပြည်လုံးအပစ်ရပ် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အစိုးရနှင့်ဆွေးနွေးေ နသည့် တိုင်းရင်းသားတော်လှန်ရးတပ်ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိ နှိုင်းရေးအ ဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွင်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA က ပါဝင်သည်။

Photo :mmmilitary
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
တတိုင်းပြည်လုံးအပစ်ရပ်ဖို့ ဆွေးနွေးနေချိန် SSPP/SSA တပ်စခန်းအား အစိုးရတပ်တိုက်ခိုက်  တတိုင်းပြည်လုံးအပစ်ရပ်ဖို့ ဆွေးနွေးနေချိန် SSPP/SSA တပ်စခန်းအား အစိုးရတပ်တိုက်ခိုက် Reviewed by THITHTOOLWIN on 10:11 Rating: 5
Powered by Blogger.