နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင်ကော်မတီ အလုပ်တာဝန် ရပ်ဆိုင်းထားရန် SNLD ဗဟိုကော်မတီ ညွှန်ကြား


ဂျူလိုင် ၂၉ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၏ ကျားခေါင်း ခေါ် သျှမ်းတိုင်းရင်း သား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အလုပ် တာဝန်အားလုံး ရပ်ဆိုင်းထားရန် ဗဟိုကော်မတီ က ညွှန်ကြားထားသည်ဟု သိရသည်။

ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ နမ့်ခမ်းမြို့ နယ် အလုပ်အမှုဆောင်အဖွဲ့ အလုပ် တာဝန်အား ဗဟိုကော်မတီ အစည်း အဝေး ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်းထားရန် ဂျူလိုင် ၂၄ ရက်စွဲဖြင့် ညွှန်ကြား ထားေ ကြာင်း၊ ဗဟိုကော်မတီ၏ ညွှန်ကြားစာ အား ယမန်နေ့ ဂျူလိုင် ၂၈ ရက်နေ့က လက်ခံရရှိကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍လည်း နမ့်ခမ်း မြို့ ကျားခေါင်းပါတီဝင်များ အစည်းအဝေးလုပ်နေကြောင်း နမ့်ခမ်းမြို့ ကျားေ ခါင်း ပါတီ ဉက္ကဌ စိုင်းလိန်မြတ်က ပြောသည်။

“ဂျူလိုင် ၁၄ - ၁၅ မှာ ကျနော်တို့ ဗဟိုကော်မတီ ဝင်အစည်းအဝေး လုပ် တယ်။ ရွေးကောက်ပွဲ ဝင်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်တယ်။ အဲဒီ အ ချိန်မှာ - ကျနော်တို့နမ့်ခမ်းမြို့နယ်က အလုပ် အမှုဆောင်အဖွဲ့ က ရွေးေ ကာက် ပွဲမဝင်ဖို့ သူတို့ဟာ သူတို့ ဆုံးဖြတ်ထားတာရှိတယ်။ ဒီကိစ္စက ဗဟိုေ က်ာမတီရဲ့ ဆုံးဖြတ်ချက်ကို မလွှမ်းမိုးနိုင်ဘူး။ နောက်ဆုံး ဗဟိုကော်မတီ က ချတဲ့ ဆုံးဖြတ်ချက်ဆိုရင် ဘယ်ပါတီဝင်ဘဲဖြစ်ဖြစ် ဘယ်မြို့နယ် ကော် မတီဝင် ဘဲဖြစ်ဖြစ် ပါတီ အတွင်း အမြင့်ဆုံးအဖွဲ့ အစည်းက ဆုံးဖြတ်ခဲ့တာကြောင့် ကျနော်တို့ SNLD အဖွဲ့ဝင်များ အားလုံး လိုက်နာဆောင်ရွက်ရပါမယ် ။ ဒါ ဒီမိုကရေစီလမ်းစဉ်ဘဲ --”

“ပုဂ္ဂိုလ်ရေးကတော့ ညီအစ်ကိုထက်မက ကျနော်တို့ ခင်ပေမယ့်လည်း မတတ်နိုင်ဘူး၊ ဒါက နိုင်ငံရေးနဲ့ဆိုင်တယ်။ တမျိုး သားလုံးရဲ့ ကိစ္စဖြစ် တဲ့အတွက် နမ့်ခမ်းမြို့နယ်ရဲ့ လုပ်ပိုင်ခွင့်ကို ခဏရပ်ဆိုင်းထားရတာဖြစ်တယ်။ -- နောက်ပြီး SNLD ရဲ့မဲပုံးကို ထည့်ချင်တဲ့လူထုကိုလဲ ကျနော်တို့ အလေး ထားရမှာဖြစ်တယ်” - ဟု ပါတီ အထွေထွေ အတွင်း ရေးမှူး စိုင်းညွှန့်လွင် ခေါ် စိုင်းနွတ်က ပြောသည်။

“ ဗဟိုကော်မတီက တာဝန်အရ သူတို့လုပ်လာတယ်။ ဒါကြောင့် ဘာမှ မပြော လိုဘူး။ ဒါက ပါတီ အရေးလေ။ ဗဟိုကော်မတီ အမြင်သဘောထားနဲ့ ကျနော် တို့ နမ့်ခမ်းမြို့နယ် ကော်မတီ သဘောထား က မတူလို့ဖြစ်တယ်။ နမ့်ခမ်းမြို့ နယ် အရေးက တပိုင်း၊ ပါတီရဲ့ ဟိုင်းပေါ်လစီ အရေး တပိုင်း နှစ်ခုလုံး ကွဲလွဲမှု ရှိလို့ ကျနော်တို့နားလည်တယ်။ -- ကျနော်တို့ကျားခေါင်း ပါတီ ဟောင်းက အခြေအနေအရ ကျားဖြူပါတီ ဖြစ်လာဖို့ ပံ့ပိုးလာကြတယ်။ ကျနော်တို့ နမ့်ခမ်း မြို့နယ်ရဲ့ လက်ရှိအခြေအနေအရလဲ ဒီပါတီနှစ်ခုကွဲပြီး ခွဲပြီးတော့ လုပ်လို့မ ရဘူး။ ပါတီကွဲရင် လူထုလဲကွဲမယ်။ လူထု ကွဲရင် ပြဿနာတွေကို စုပေါင်းဖြေ ရှင်း ဖို့ရတော့မှာမဟုတ်ဘူး” - ဟု လုပ်ပိုင်ခွင့် ရပ်ဆိုင်းခံထားရသူ ပါတီ၏ မြို့နယ် ဉက္ကဌ စိုင်းလိန်မြတ်က ပြောသည်။

ထို့အပြင် စိုင်းလိန်မြတ်က တာဝန်မှ ရပ်ဆိုင်းထားသော်လည်း မည်သည့် ပါတီကိုမှ ဝင်မှာ မဟုတ်သေးဘဲ၊ အကောင်းဆုံး ပြဿနာဖြေရှင်းနိုင်ဖို့ နည်းလမ်း ရှာသွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

မြို့နယ်အဆင့် အလုပ်အမှုဆောင်အားလုံးအား လုပ်ပိုင်ခွင့်တာဝန်ရပ်ဆိုင်း ထားရန် ညွှန်ကြားခြင်းသည် ကျားခေါင်းပါတီ သမိုင်းတွင် ပထမ ဆုံးဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင်ကော်မတီ အလုပ်တာဝန် ရပ်ဆိုင်းထားရန် SNLD ဗဟိုကော်မတီ ညွှန်ကြား  နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင်ကော်မတီ အလုပ်တာဝန် ရပ်ဆိုင်းထားရန် SNLD ဗဟိုကော်မတီ ညွှန်ကြား Reviewed by THITHTOOLWIN on 03:16 Rating: 5
Powered by Blogger.