လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းဖို့ SNLD ထိပ်တန်းခေါင်းဆောင်များ ရွေးကောက်ပွဲမ၀င်


 ဂျူလိုင်လ ၂၅ ရက် ၂၀၁၅

  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာလတွင် ကျင်းပ မည့် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည်ဟု ကြေငြာခဲ့ပြီးဖြစ်သော်လည်း ပါတီထိပ်တန်း ခေါင်း ဆောင် ၅ ဦးမှာ ရွေးကောက် ပွဲဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပါတီဥက္ကဌ က ပြောသည်။

"ကျနော်က အသက်ကြီးပြီ။ လူငယ်တွေကို နေရာပေးရမယ်။ ဒါ့အပြင် ပြည် တွင်းငြိမ်း ချမ်းရေး တိုင်းရင်းသားအရေးတွေ ဆောင်ရွက်ဖို့ ပါတီ တည်ေ ဆာက်ရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းမှုကလည်း အရေးပါ တယ်ေ လ။ ဒါကြောင့် မပြိုင်တာပါ။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ တွေ ကလည်း ဒီဆုံးဖြတ်ချက်ကို လက္ခံပါတယ် "- ဟု ခွန်ထွန်းဦးက သျှမ်းသံတော် ဆင့် သို့ ပြောသည်။

ဥက္ကဌကြီး ခွန်ထွန်းဦးအပြင် ပါတီ ဒုတိယ ဥက္ကဌ ဦးစိုင်းစောအောင် ၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်၊ စည်းရုံးရေးမှူး စိုင်းအဂ္ဂ တို့ ရွေးကောက်ပွဲဝင်ပြိုင် မည် မဟုတ်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

"လွှတ်တော်ထဲကို ထိုက်သင့်တဲ့ ကိုယ်စားလှယ်အရေ အတွက်တွေ တစ်ဖက် က ကြိုးစားနေပြီး တစ်ခြားတစ်ဖက် ကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေး အတွက် ခေါင်းဆောင်တွေ ရှိ နေဖို့ လိုအပ်တယ်လို့ သုံးသပ်တဲ့ အတွက် ဖြစ် ပါတယ်။ အခြေခံဥပဒေ ကိစ္စနဲ့ ပတ်သက်လာရင် လွှတ်တော်ပြင် ပ နိုင်ငံရေး လောက ဟာ ကြီးမားတဲ့ လိုအပ်ချက် ဖြစ်နေတာ နိုင်ငံရေးေ လ့လာ သူတိုင်း သိနေကြမှာ ဖြစ်ပါတယ်။ "- ဟု ဦးစိုင်းညွှန့်လွင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

သျှမ်းတိုင်းရင်းသားများ ဒိမိုကရေစီအဖွဲ့ချုပ်၏ ပါတီ ဥက္ကဌ ဖြစ်သူ ဦးခွန် ထွန်းဦးမှာ ၁၉၉၀ ရွေးကောက် ပွဲတွင် သီပေါမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံမပြင်ပါက ရွေးကောက်ပွဲမ၀င်ဟု ၂၀၁၃ ခုနှစ် ကတည်း က ပြောဆို ထားသည်။

"ပါတီဥက္ကဌက သူက နဂိုကတည်းက သူ့အနေနဲ့ ဖွဲ့စည်းပုံမပြင် ရင် ရွေးကောက် ပွဲမ၀င်ဘူး လို့ ပြောထားတာ။ ရွေးကောက်ပွဲဝင်တာက ပါတီရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ သူမ၀င်တာက သူ့ရဲ့ ဆန္ဒဖြစ်တယ်။ ဒါကလည်း ဖွဲ့စည်းပုံမပြင်တာနဲ့ ပတ်သက်တယ် " - ဟု ဦးစိုင်းညွှန့်လွင် က ပြောသည်။

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese
လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းဖို့ SNLD ထိပ်တန်းခေါင်းဆောင်များ ရွေးကောက်ပွဲမ၀င်   လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းဖို့ SNLD ထိပ်တန်းခေါင်းဆောင်များ ရွေးကောက်ပွဲမ၀င် Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.