SNLD စီအီးစီအစည်းအဝေးမှ ရွေးကောက်ပွဲဝင်ရန် တညီတညွတ်တည်းဆုံးဖြတ်


ဂျူလိုင် ၁၇ ရက် ၂၀၁၅

ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ၏ ၃ ရက်ကြာ ဗဟိုကော်မတီ အစည်း အဝေး မှ ရွေးကောက်ပွဲဝင်ရန် တညီတညွတ်တည်း ဆုံးဖြတ်ကြသည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် မဲဆန္ဒရှင်ပြည်သူလူထု တရပ်လုံး၏ သဘော ဆန္ဒနှင့် ထောက်ခံ မှုကိုအလေးအနက်ပြုလျက် ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပမည့်ရွေးကောက်ပွဲ အားယှဉ်ပြိုင်သွားရန် ဆွေးနွေးဆုံးဖြတ်၏။

တိုင်းပြည်မှ ကြုံတွေ့နေရသည့် ပြဿနာ အရင်း ခံများဖြစ်ကြသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေး ဆွဲရေး ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီ အသွင်ကူးပေါင်း ရေးလုပ်ငန်းစဉ်များ တက်ကြွစွာ ပါဝင်ဖြေရှင်း ဆောင်ရွက် သွားမည်ဟုအစည်းအဝေး အပြီး ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည်။

“ကျနော်တို့ ၁၄ ရက်နေ့တုန်းက စီအီးစီ အစည်းအဝေးထိုင်တယ်။ စီအီးစီ ၁၁ ယောက်မှာ ၁၀ ယောက် တက်တယ်။ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ်လို့ တညီတညွတ် တည်း သဘောတူဆုံးဖြတ် ခဲ့ကြတယ်။ ပြီးတော့ ၁၅ ရက်နဲ့၁၆ ရက် ဗဟိုကော်မတီ အစည်းအဝေးမှာ လာတင်ပြကြ တယ်။ ဒီက ဆွေးနွေးပြီး တော့ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့ သဘော တူ ဆုံးဖြတ်ခဲ့ကြပါတယ်” - ဟု ပါတီအထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် ကပြောသည်။


ကျားခေါင်းခေါ် SNLD ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲကာလတွင် တည်ထောင် ခဲ့သည့် ပါတီဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲတွင် ဒုတိယနေရာအများဆုံး အနိုင် ရသည့် ပါတီဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်က ပါတီ ခေါင်းဆောင် များ အဖမ်းခံရ သဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လည်း ၀င်မပြိုင်ခဲ့ပေ။ ခေါင်းဆောင် များထောင်ဒဏ်မှ ပြန်လည်လွှတ်မြောက်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှသာ ပါတီမှတ်ပုံ ပြန်တင်ခဲ့ပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
SNLD စီအီးစီအစည်းအဝေးမှ ရွေးကောက်ပွဲဝင်ရန် တညီတညွတ်တည်းဆုံးဖြတ်  SNLD စီအီးစီအစည်းအဝေးမှ ရွေးကောက်ပွဲဝင်ရန် တညီတညွတ်တည်းဆုံးဖြတ် Reviewed by THITHTOOLWIN on 04:22 Rating: 5
Powered by Blogger.