လမ်းဟောင်းပေါ်ရှိ (DKBA) စခန်း ယနေ့မွန်းလွဲပိုင်တွင် တိုက်ခိုက်ခံရ

(ဒီကေဘီအေ) က ဗိုလ်ကြီးစောသရီထူး။ ဓာတ်ပုံ - (ဒီကေဘီအေ)
ဇူလိုင် - ၅ - ၂၀၁၅

နှစ်ဘက်ဆွေးနွေးပွဲ သဘောတူညီချက်အရ ဒီနေ့လည် ၁၂ နာရီခန့်မှာ (ဒီကေဘီအေ) က မြ၀တီ - ကေ့ကရိတ် လမ်းဟောင်းကို ပြန်ဖွင့်လိုက်ပြီး နာရီဝက်လောက် အကြာမှာ လမ်းဟောင်းအနီးမှာရှိတဲ့ သူတို့ရဲ့  ကောင်းမှုဂိတ်စခန်းကို မြန်မာစစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁၅ မီနစ်နီးပါးကြာ အဝေးကနေ လှမ်းပစ်ခဲ့တယ်လို့ ဒီကေဘီအေက ဗိုလ်ကြီးစောသရီးထူးက ပြောပါတယ်။

သူပြောတာက" နှစ်ဖက်ဆွေးနွေး သဘောတူမှုနဲ့ ဒီလမ်းကိုပြန်ဖွင့်တယ် ဒီနေ့ ၁၂ နာရီလောက်မှာ ခရီးသည်တင်ကားတွေ သွားနေတုံးမှာ တောင်သုံးလုံးကနေ လှမ်းပစ်တယ် ကျနော်တို့ဖက်က ဘာမှပြန်မလုပ်ပါဘူး သူတို့ဒီလိုမျိုးမလုပ်သင့်ဘူး " လို့ ပြောပါတယ်။

အဲလိုပစ်ခတ်မှုကြောင့် ခရီးသွားတွေ အထိတ်တလန့်ဖြစ်ကြပြီး အခုဘယ်သူမှ မသွားရဲတော့ဘူးလို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

ဒီကေဘီအေ ကတော့ ဒီလမ်းကိုဆက်လက်ဖွင့်ထားပေးပြီး ပြန်ပိတ်မဲ့အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

သူတို့ကိုရဲ့  ကောင်းမှုဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်တာကတော့ စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၉ နဘူးအခြေစိုက်တပ် ဖြစ်တယ်လို့ ဒီကေဘီအေက ဗိုလ်ကြီးသရီးထူးက အတိအလင်း ပြောပါတယ်။

ကောင်းမှုဂိတ်ဆိုတာက ကော့ကရိတ်မြို့နယ်ထဲမှာ တည်ရှိပါတယ်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)

လမ်းဟောင်းပေါ်ရှိ (DKBA) စခန်း ယနေ့မွန်းလွဲပိုင်တွင် တိုက်ခိုက်ခံရ  လမ်းဟောင်းပေါ်ရှိ (DKBA) စခန်း ယနေ့မွန်းလွဲပိုင်တွင် တိုက်ခိုက်ခံရ Reviewed by သစ်ထူးလွင် on 20:46 Rating: 5
Powered by Blogger.