မြောက်ကိုရီးယား ဝင်ငွေရအောင် ကျွန်ကို တင်ပို့လို့ဆို

မြောက်ကိုရီးယားကို သစ္စာဖောက်ပြီး တောင်ကိုရီးယားမှာ နေထိုင်နေတဲ့ Rim Il (Credit: ABC) 
  မြောက်ကိုရီးယား ​နိုင်ငံက ​ကျွန်လို ​ခိုင်းစေခံရတဲ့ ​အလုပ်သမားတွေကို ​ပြည်ပကို ​ပို့ပြီး ​နျူကလီးယား ​အစီအစဉ်အတွက် ​ဝင်ငွေရအောင် ​လုပ်နေတယ်လို့ ​ဆိုပါတယ်။

အရင်တုန်းကတော့ ​မြောက်ကိုရီးယားဟာ ​တရားမဝင် ​လက်နက် ​ရောင်းဝယ်မှုတွေ၊ ​မူးယစ်ဆေးဝါး ​ရောင်းဝယ်မှုနဲ့ ​အမေရိကန် ​ဒေါ်လာ ​အတုတွေနဲ့ ​ဝင်ငွေရအောင် ​လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ​ကုလသမဂ္ဂကနေ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​လုပ်ပြီးတဲ့နောက်ပိုင်း ​ဝင်ငွေရရှိအောင်လုပ်ဖို့ ​နည်းလမ်းတွေ ​ကုန်ဆုံးလာပါတယ်။

အဲဒါကြောင့် ​အခုဆိုရင် ​အလုပ်သမားတွေကို ​နိုင်ငံခြားပို့ပြီး ​ဒေါ်လာတွေ ​ရရှိအောင် ​လုပ်နေတယ် ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

လူပေါင်း ​ထောင်နဲ့ချီကို ​နိုင်ငံခြား ​ပို့ဆောင်တာဖြစ်ပြီး ​အဲဒီအတွက် ​ဒေါ်လာ ​ဘီလီယံ ​နဲ့ချီ ​ရရှိနေတာ ​ဖြစ်ပါတယ်။

Rim ​II ​ဆိုတဲ့ ​လူကတော့ ​လက်သမားလုပ်ဖို့ ​ကူဝိတ်နိုင်ငံကို ​ပို့ဆောင်ခံခဲ့ရပြီး ​တစ်ရက်ကို ​၁၆ ​နာရီကြာ ​အလုပ်လုပ်ခဲ့ရတယ်လို့ ​ဆိုပါတယ်။

လုပ်အားခ ​လစာကိုလည်း ​တစ်ပြားမှ ​မမြင်ခဲ့ရပဲ ​မြောက်ကိုရီးယား ​အစိုးရက ​အကုန်သိမ်းယူခဲ့တယ်လို့ ​ဆိုပါတယ်။

ပြည်ပမှာ ​အလုပ်လုပ်ပြီး  ​နိုင်ငံတော်အတွက် ​ဝင်ငွေရှာပေးတဲ့ ​အလုပ်သမား ​အယောက်ပေါင်း ​ကိုးသောင်း ​(၉၀၀၀၀) ​လောက်ရှိတယ်လို့ ​သိရပါတယ်။

Rim ​II ​ကတော့ ​နောက်ပိုင်းမှာ ​တောင်ကိုရီးယားနိုင်ငံမှာ ​ခိုလှုံခွင့် ​ရခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ​တစ်ရက်ကို ​ထမင်းသုံးနပ် ​စားရသလို ​လုပ်အားခ ​တစ်လကို ​ဒေါ်လာ ​၁၂၀ ​ရရှိတာက ​ကံကောင်းခြင်းလို့ ​သတ်မှတ်ထားပါတယ်။

မြောက်ကိုရီးယားဟာ ​အလုပ်သမားတွေကို ​ရုရှား၊ ​တရုတ်၊ ​မွန်ဂိုးလီးယား ​နဲ့ ​အရှေ့အလယ်ပိုင်းလို ​နိုင်ငံပေါင်း ​၄၀ ​ကို ​အလုပ်သမားတွေ ​စေလွှတ်နေတာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အလုပ်သမားတွေ ​ရရှိတဲ့ ​နှစ်စဉ် ​လစာ ​ဒေါ်လာ ​၂ ​ဘီလီယံကို ​နျူကလီးယား ​အစီအစဉ်အတွက် ​အသုံးပြုနေတယ်လို့ ​ဆိုပါတယ်။

တချို့အလုပ်သမားတွေက ​ပြည်ပမှာ ​ထွက်ပြေးဖို့ ​စဉ်းစားပေမယ့် ​မြောက်ကိုရီးယားမှာ ​မိသားစုဝင်တွေ ​ရှိတာကြောင့် ​မိသားစုတွေ ​ဒုက္ခရောက်မှာကို ​စိုးရိမ်လို့ ​သစ္စာမဖောက်ရဲဘူးလို့ ​အေဘီစီ ​သတင်းကို ​ပြောပြကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြောက်ကိုရီးယား ဝင်ငွေရအောင် ကျွန်ကို တင်ပို့လို့ဆို   မြောက်ကိုရီးယား ဝင်ငွေရအောင် ကျွန်ကို တင်ပို့လို့ဆို Reviewed by THITHTOOLWIN on 15:59 Rating: 5
Powered by Blogger.