ဆိုမာလီနဲ့ ကင်ညာနယ်စပ်၊ ကင်ညာစစ်စခန်းတစ်ခုအနီးမှာ ပစ်ခတ်မှုတခုကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့ပါတယ်။
သေဆုံးဒဏ်ရာရသူတွေဟာ ကင်ညာ အရှေ့မြောက်ဘက်ရှိ မန်ဒါရာ ဒေသတွင်းရှိ ကျောက်မိုင်း တခုက အလုပ်သမားတွေလို့ ယူဆရပါတယ်။
ညသန်းခေါင်လောက်မှာ ပေါက်ကွဲသံနှစ်ခုနဲ့ ပြင်းထန်တဲ့ သေနတ်သံတွေ ကြားရကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဆိုမာလီ ပြင်ပက အယ်လ်ရှာဘတ် စစ်သွေးကြွတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆကြပါတယ်။
မန်ဒါရာ ဒေသ အုပ်ချုပ်ရေးမှူး Alex Ole Nkoyo က လူတွေအိပ်ပျော်နေချိန်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အခုလို ဖောက်ခွဲ ပစ်ခတ်မှုတွေဟာ အယ်လ်ရှာဘတ် စစ်သွေးကြွတွေရဲ့ လုပ်နည်းလုပ်ဟန်တွေ ဖြစ်တယ်လို့ အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။
အယ်လ်ရှာဘတ် စစ်သွေးကြွတွေဘက်က အခုပစ်ခတ်မှုအပေါ် အတည်ပြုပြောကြားခြင်း မရှိသေးပေမယ့် ဒေသတွင်းမှာ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ အခုလို တိုက်ခိုက်မှုမျိုးရဲ့ နောက်ကွယ်မှာ စစ်သွေးကြွတွေရဲ့ ပါဝင်ပတ်သက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ဆိုမာလီမှာ ပစ်ခတ်မှုကြောင့် ကျောက်မိုင်းအလုပ်သမားတွေ သေဆုံး
Reviewed by သစ်ထူးလွင်
on
15:55
Rating: