ဘင်္ဂလားဒေ့ရှ်တွင် မတော်တဆ ဖြစ်ရပ်နှစ်ခုဖြစ်ပွား လူ ၂ဝ ကျော် သေဆုံးပြီး ၃ဝ ခန့် ထိခိုက်ဒဏ်ရာရ


ခါကာ ဇူလိုင် ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နေရာနှစ်ခုတွင် သီးခြားစီဖြစ်ပွားခဲ့သော မတော်တဆ ဖြစ်ရပ်များကြောင့် လူ ၂ဝ ထက် မနည်းသေဆုံးခဲ့ပြီး အခြားလူ ၃ဝ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်များမှာ အစ္စလာမ်ဘာသာဝင် များ၏ အစ်ပွဲတော်ကျရောက်ခဲ့သည့် ယခုရက်သတ္တပတ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဇူလိုင် ၁၉ ရက်တွင် အတည်ပြု ပြောကြားသည်။

မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင် ၁၇ ရက် ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် စစ်တကောင်းဒေသနယ်မြေတွင် မြေပြိုမှု ဖြစ်ပွားခဲ့ရသည်။ လူခြောက်ဦးသေဆုံးခဲ့ပြီး ယင်းတို့အထဲမှ သုံးဦးမှာ မိသားစုတစ်စုတည်းမှဖြစ်ကြောင်းနှင့် အခြားသုံးဦးမှာ မိသားစုနှစ်စုမှ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

အဆိုပါ သေဆုံးသူများအတွက် စစ်တကောင်းဒေသ ဒုတိယအုပ်ချုပ်ရေးမှူးက မိသားစုတစ်စုချင်းစီအား သဂြုင်္ိဟ်စရိတ်အထောက်အပံ့အဖြစ် တာကာငွေ ၁ဝဝဝဝ (အမေရိကန်ဒေါ်လာ ၁၂၉ ဒေါ်လာစီ)ထောက်ပံ့ပေးအပ် ခဲ့သည်။

ယင်းဖြစ်ရပ်နှင့် အလားတူ ခရီးသယ်တင် မော်တော်ယာဉ် နှစ်စင်းတိုက်ခိုက်မိမှုတစ်ရပ် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနောက်ပိုင်းရှိ ခီရာဂျီရာနယ် ခရိုင်အတွင်း ဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက် မနည်းသေဆုံးပြီး လူ ၃ဝ ခန့် ထိခိုက်ဒဏ်ရာရမှုတစ်ရပ်လည်း ဖြစ်ပွားခဲ့သည်။

အဆိုပါဘတ်စ်ကားနှစ်စီးအနက်တစ်စီးမှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမှမောင်းနှင်လာခြင်းဖြစ်ပြီး အခြားဘတ်စ်ကားမှာ နိုင်ငံအနောက်ပိုင်း ရာဂျရှာဟီမှ မောင်းနှင်လာခြင်းဖြစ်သည်။ အဆိုပါဘတ်စ်ကားနှစ်စီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အနောက်ပိုင်းဒေသအဆုံး ဘန်ဂါဘန်ဒူအမည်ရှိ ယမုံနာမြစ်ကူးတံတားပေါ်တွင် ဇူလိုင် ၁၈ ရက် နံနက် အစောပိုင်း၌ တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဒေသတွင်းရှိ ဆေးရုံများသို့ ဖြန့်၍ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေလျက်ရှိပြီး ယင်းတို့အထဲမှ အချို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိသဖြင့် သေဆုံးမှုဦးရေ တိုးမြင့်ဖွယ်ရှိကြောင်း ရဲအဖွဲ့က ပြောကြားသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဘင်္ဂလားဒေ့ရှ်တွင် မတော်တဆ ဖြစ်ရပ်နှစ်ခုဖြစ်ပွား လူ ၂ဝ ကျော် သေဆုံးပြီး ၃ဝ ခန့် ထိခိုက်ဒဏ်ရာရ  ဘင်္ဂလားဒေ့ရှ်တွင် မတော်တဆ ဖြစ်ရပ်နှစ်ခုဖြစ်ပွား လူ ၂ဝ ကျော် သေဆုံးပြီး ၃ဝ ခန့် ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.