ယနေ့ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည့် အကျဉ်းသား ၆,၉၆၆ ဦးထဲတွင် တရုတ် သစ်ခုတ်သမား ၁၅၅ ဦးပါဝင်

နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသော မြန်မာနိုင်ငံသား အကျဉ်းသားများ (ဆင်ဟွာ)
    ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/သူ စုစုပေါင်း ၆,၉၆၆ ဦးကို နိုင်ငံတော် သမ္မတက ယနေ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့်ထဲတွင် ပြစ်ဒဏ်ကျခံနေရသည့် တရုတ်နိုင်ငံသား သစ်ခုတ်သမား ၁၅၅ ဦးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

တရုတ် သစ်ခုတ်သမား များသည်  ယခုနှစ် ဇန်နဝါရီလ အတွင်းက တရားမဝင် သစ်ခုတ်မှုဖြင့် ဖမ်းဆီး ခံခဲ့ရပြီး ဇူလိုင်လ ၂၂ ရက်နေ့က မြစ်ကြီးနား ခရိုင် တရားရုံးမှ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် ပြန်လည် လွတ်မြောက်လာခဲ့သော တရုတ် သစ်ခုတ်သမားများကို တရုတ်နိုင်ငံ ဘက်သို့  ပြန်လည် လွဲပြောင်းပေးရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့ ကလည်း တရုတ်နိုင်ငံ ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့တွင် တရားမဝင် သွားရောက် လုပ်ကိုင်မှုဖြင့် ဖမ်းဆီး ချုပ်နှောင်ခံရပြီး ထိန်းသိမ်း ခံထားရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့မှ မြန်မာ နိုင်ငံသား ၂၀၅ ဦးကို ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့မှ ရွှေလီမြို့သို့ မီးရထားဖြင့် ပို့ဆောင်ကာ တရုတ် နိုင်ငံ ဘက်မှ မြန်မာနိုင်ငံ ဘက်သို့ ပြန်လည် လွှဲပြောင်း အပ်နှံခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com

ယနေ့ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည့် အကျဉ်းသား ၆,၉၆၆ ဦးထဲတွင် တရုတ် သစ်ခုတ်သမား ၁၅၅ ဦးပါဝင်  ယနေ့ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည့် အကျဉ်းသား ၆,၉၆၆ ဦးထဲတွင် တရုတ် သစ်ခုတ်သမား ၁၅၅ ဦးပါဝင် Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.