တရုတ် စတော့ ဈေးနှုန်းတွေ ပြန်ခုန်တက်

အစုရှယ်ယာတွေ ပြန်ထုတ်မရောင်းဖို့ တရုတ် အစိုးရက တားမြစ်ခဲ့။ 
တရုတ် နိုင်ငံမှာ စတော့ ဈေးကွက် တည်ငြိမ်အောင် ထိန်းသိမ်းမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပြီးနောက် ဆက်တိုက် ကျဆင်းနေခဲ့တဲ့ အစု ရှယ်ယာ တန်ဖိုးတွေဟာ ကြာသပတေးနေ့မှာ ပြန်လည် ခုန်တက်ခဲ့ပါတယ်။

ရှန်ဟိုင်း အစုရှယ်ယာ ဈေးကွက် အညွှန်းကိန်းဟာ ၆ နှစ် အတွင်း အမြင့်ဆုံး အဖြစ် ၆ ရာခိုင်နှုန်း နီးပါး ခုန်တက်ပြီး ဈေးပိတ်သွားပါတယ်။

ဟောင်ကောင်က ဟန်ဆင်း ညွှန်းကိန်းဟာလည်း ၄ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။

ကုမ္ပဏီ တစ်ခုရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းထက် ပိုကိုင်ထားသူတွေ နောက် ၆ လ အတွင်း ရှယ်ယာတွေ ထုတ်မရောင်းရဘူးလို့ တရုတ် အစိုးရက တားမြစ် လိုက်ပြီးနောက် အခုလို ဈေးနှုန်းတွေ ခုန်တက်ခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အစုရှယ်ယာ တွေကို ကာလတို အတွင်း ရောင်းချပြီး ဈေးကစားသူတွေကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး နေတယ်လို့ တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
တရုတ် စတော့ ဈေးနှုန်းတွေ ပြန်ခုန်တက်  တရုတ် စတော့ ဈေးနှုန်းတွေ ပြန်ခုန်တက် Reviewed by သစ်ထူးလွင် on 20:23 Rating: 5
Powered by Blogger.