ငွေဆောင်ကမ်းခြေ၌ ရေဆင်းကူးရာမှ နှစ်ဦးပျောက်ဆုံး

Miss Universe Pathein 2015 organization City Director (Celebrity & Model Agency) မှ ကိုရန်နိုင် နှင့်သူ၏ ငယ်ချင်း ကိုရဲကျော်ကျော် တို့သည် နေ့လည် (2) နာရီ ၀န်းကျင်တွင် ငွေဆောင်ကမ်းခြေမှာ သူငယ်ချင်းများနှင့်အတူ ရေကစားရင်း စတင်ပျောက်ဆုံးခဲ့ပါသည်။ လိုက်လံရှာဖွေရာ ယနေ့ ညပိုင်းတွင် ကိုရဲကျော်ကျော် ရုပ်လောင်း ကို ပြန်လည်တွေ့ရှိပြီး ကိုရန်နိုင် ကိုတော့ ထပ်မံ ရှာဖွေနေဆဲလို့ သိရပါတယ်။ Miss Universe Pathein 2015 ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပေမယ့် အခုလို မမျှော်လင့်ဘဲ ၀မ်းနည်းစရာ အဖြစ်မျိုး ကြုံတွေ့ခဲ့ရတာပါလို့ ပြိုင်ပွဲသို့ ကိုယ်တိုင် ဓာတ်ပုံသတင်း သွားရောက် ရိုက်ကူးပေးခဲ့တဲ့ MyanmarCelebrity.com မှ ကိုဝေယံက ပြောပြခဲ့ပါတယ်။ သတင်း-ဓါတ်ပုံ Myanmarcelebrity
https://www.facebook.com/pages/Myanmarcelebrity

 ငွေဆောင် ဇူလိုင် ၁၃

 ပုသိမ်ခရိုင် ငွေဆောင်မြို့ ငွေဆောင်ကမ်းခြေ၌ ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် Celebrity & Model Agency အဖွဲ့မှ စုစုပေါင်း ၃၂ ဦးသည် ယာဉ်မောင်း ကိုကျော်ကျော်နိုင် မောင်းနှင်လာသော ကားအမှတ် YGN 3G/----မှန်လုံအမြန်ယာဉ်(တိုးလ်ကား) ငွေဆောင်ကမ်းခြေသို့ လာရောက်၍ ဆန်နီပါရာဒိုက် ဟိုတယ်လမ်းကြားရှိ Public Area ၌ လာရောက် အပန်းဖြေခဲ့ရာ ရန်ကုန်မြို့နေ ကိုရန်နိုင်အောင်(၂၄ နှစ်) ကိုရဲကျော်ကျော် (စုံစမ်းဆဲ)၊ ကိုအောင်သက်ဦး(၂၄ နှစ်)တို့သုံးဦး ပင်လယ်ထဲသို့ ရေဆင်းကူးရာ ကိုအောင်သက်ဦးတစ်ဦးသာ ကမ်းခြေသို့ ပြန်တက်လာပြီး ကျန်နှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါပျောက်ဆုံးနေသူနှစ်ဦးကို ပြန်လည်တွေ့ရှိနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရေကူးကျွမ်းကျင်သူများဖြင့်ပူးပေါင်း၍ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရ သည်။

စောမျိုးမင်းသိန်း(ငွေဆောင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငွေဆောင်ကမ်းခြေ၌ ရေဆင်းကူးရာမှ နှစ်ဦးပျောက်ဆုံး   ငွေဆောင်ကမ်းခြေ၌ ရေဆင်းကူးရာမှ နှစ်ဦးပျောက်ဆုံး Reviewed by သစ်ထူးလွင် on 04:56 Rating: 5
Powered by Blogger.