ဗိုလ်ကြီးစောသရီးထူး (ဒီကေဘီအေ) |
ကလို့ထူးဝါး စစ်ကွပ်ကဲရေး ဌာနချုပ်ကို မြန်မာစစ်တပ်က ဒီနေ့မနက် ၁၁ နာရီခွဲမှာ ကော့ကရိတ်မြို့ အမြောက်တပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်နေတာ အချက် ၂၀ ကျော်သွားပြီးလို့ ကလို့ထူးဝါးဗျူဟာက ထောက်လှန်းရေးမှူး ဗိုလ်ကြီးသရီးထူးကပြောပါတယ်။
၎င်းက" ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ ကျနော်တို့ဌာနချုပ်ကို ခလ၇ ၉၇ ကနေ ၁၂၀ မမ နဲ့ပစ်နေတာဖြစ်တယ် နောက်ပြီးတော့ ဒီမနက် ၁၀ နာရီ ၄၀ လောက်မှာ တောင်သုံးလုံးကနေ ၈၁ - ၆၁ မမတွေနဲ့လည်း ပစ်ခတ်မှုတွေလုပ်နေပါတယ် " လို့ ဆိုပါတယ်။
ဆက်လက်ပြီး " သူတို့အစီအစဉ်က ကျနော်တို့ဌာနချုပ်ကို သိမ်းယူဘို့ပါ ကျနော်တို့ဘက်က ဘာမျပြန်မပစ်ရသေးပါဘူး ဒီအနေအထားအတိုင်းဆိုရင်တော့ တင်းမာမှုက ဒီထက်ဆိုးဝါးလာဘို့ဘဲရှိတယ်" ဆိုပြီး ပြောဆိုပါတယ်။
ကလို့ထူးဝါး အခြေချစစ်ဗျူဟာ စစ်ကွပ်ကဲရေးဌာနချုပ်ဟာ မြ၀တီ - ကော့ကရိတ် ကားလမ်းဟောင်းဘေးက ကော့ကရိတ်အပိုင် ကောင်းမှုရွာအနီးမှာတည်ရှိပြီး စစ်ဗျူဟာမှူးကတော့ ဗိုလ်မှူးချုပ်ကျော်သက် ဖြစ်ပါတယ်။
ရက်သတ္တတပတ်ထဲ ၀င်လာပြီးဖြစ်တဲ့ နှစ်ဖက်ပဋိပက္ခကြောင့် မြ၀တီ - ကော့ကရိတ် ပင်မလမ်းနှစ်သွယ်ကို ဘယ်သူမှအသုံးမပြုတော့တဲ့အတွက် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားရသလို အလွှာအသီးသီးက ခရီးသွားတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒေသတွင်းမှာစစ်မီးတွေ တကြော့ပြန် တောက်လောင်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ပြောဆိုနေကြပါတယ်။
သတင်း - ကရင်အမျိုးသား(မီဒီယာ)
(ဒီကေဘီအေ) ကလို့ထူးဝါးစစ်ကွပ်ကဲရေးဌာနချုပ် ၁၂၀ မမ ဖြင့် တိုက်ခိုက်ခံရ
Reviewed by သစ်ထူးလွင်
on
09:18
Rating: