မိုးအဆက်မပြတ်ရွာသွန်း သီပေါတွင် သက်တမ်းရင့် တံတားကျိုး လူ ၃ ဦးသေဆုံး


 ဂျူလိုင်လ ၂၅ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် နမ္မတူမြစ်ရေကြီးကာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ နမ့်ပေါ့ချောင်းကူးသည့် ခိုနန်းဖ တံတားကျိုး ၍ ရေနှင့်မျောပါသေဆုံးမှုများရှိကြောင်း သိရသည်။

ဂျူလိုင်လ ၂၅ ရက် ယနေ့မနက် ၉ နာရီက ချောင်းရေတဟုန်ထိုးတက် လာသဖြင့် ချောင်းကူးတံတား ကျိုးကာ လူ ၂၀ ထက်မနည်း ရေနှင့်မျော ပါကြောင်း သီပေါမြို့ခံစိုင်းကျော်က ပြောသည်။

“ဒုဌ၀တီမြစ်ရေကြီးလို့ မြစ်လက်တက် တွေလဲရေကြီးကုန်တယ်လေ။ သီပေါ မှာ နမ့်ပေါ့ချောင်း ရေကြီး လို့ ခိုနန်းဖ တံတားကြီးကျိုးတယ်။ အဲ့ဒီတံတားက အင်္ဂလိပ်ခေတ်ကတည်းက တံတားလေ။ သံကွန် ကရစ် တံတားေ ပါ့။ ဆွေးေ နပြီ မို့လည်း ပါမှာပေါ့။ ၃ ခန်းရေနဲ့ပါသွားတယ်။ တံတားပေါ်ကလူတ ချို့ရယ်၊ ချောင်းဘေးကတချို့ရယ် ၂၀ ထက်မနည်း ရေနဲ့ပါသွားတယ်။ ခုထိ မိုးသည်းနေတုန်း ဆိုတော့ ကျန်တဲ့ ၂ ခန်းလည်း ရေနဲ့ထပ်မျောပါဖို့ အလားအလာရှိတယ် ” - ဟု ပန်နေဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်က မိန့်တော်မူသည်။


ရေကြီးမှုကြောင့် ရေနှင့်မျောပါသူများကိုလိုက်လံဆယ်ယူရာတွင် လက်ရှိ ၅ ဦးကိုဆယ်ယူရရှိပြီး ၃ ဦးမှာ သေဆုံးပြီဖြစ်ကြောင်း၊ ၂ ဦးမှာ ဆေးရုံ တွင် ဆေးကုသမှုခံ ယူနေကြောင်း၊ ကျန် ၁၅ ဦးမှာ ပျောက်ဆုံးနေေ ကြာင်း ချောင်းဘေး တလျှောက်ရှိ လူနေအိမ်ခြေတချို့လည်း ရေစီးနှင့် အတူ မျောပါကြောင်း သီပေါမြို့ခံ စိုင်းကျော်က အတည်ပြု ပြောပါသည်။

ယခုကဲ့သို့ ရေများတဟုန်ထိုး ချောင်းအတွင်းဝင်ရောက်လာမှုမှာ မြို့ပတ် ပတ်လည် တောင်တန်းများ ပေါ်တွင် သစ်ပင်များမရှိတော့သည့် အတွက် တောင် ကျရေများမှာ မြေကြီးများ ကျောက်ခဲများ နှုန်းများနှင့်အတူ ပါလာပြီး အရှိန်ပြင်းပြင်းနှင့် တိုက်စားမှုကြောင့်ဖြစ်နိုင်ကြောင်း သီပေါမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။

“အရင်ခေတ်က ပတ်ပတ်လည်မှာ သစ်ပင်တွေ များတော့ မိုးရွာရင် ရေထိန်း နီုင်တော့ ဘာမှ မဖြစ်ဘူး ။ အခုက တစ်ခါရွာတာနဲ့ နှုန်းတွေ ကျောက်တွေပါ ပါလာတယ် သစ်ပင်တွေလည်း တစ်ခါတစ်ခါပါလာပြီး တံတားက လည်း နှစ် ကြာ လာတော့ ဖြစ်သွားတဲ့ သဘောပါ” ဟု ဦးရဲထွန်းက ပြောသည်။

မြို့တွင်းရေကြီးနေမှုကြောင့် မန္တလေးမှတက်လာသည့် ကားများလည်း သီပေါမြို့အဝင်တွင် ၁၀၀ ကျော်ပိတ်မိနေကြောင်း သီပေါတွင်ခရီး တထောက် နားနေ ရသည့် မန္တလေး- မူစယ်ခရီးသည် စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“သီပေါမြို့တွင်းမှာ ရေအမြင့် ၃ ပေလောက်ရှိပါတယ်။ နေအိမ်တွေဆို အနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေ ဆိုရင် တဝက်လောက်မြုပ်နေတယ်။ ကားအသွားအလာတော့ ရပ်ထားရတယ်။ ကားကြီးတွေဆို ရေထဲ ကိုဖြတ်ကူးလို့ရတယ်။ ကားသေးလေးတွေတော့ မကူးရဲကြဘူး။” - ဟု စိုင်းလိတ်ကပြောသည်။

အလားတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ ရပ်ကွက်အချို့ တွင်လည်း လူနေရပ်ကွက်များအတွင်း ရေလွှမ်းမိုးမှု များဖြစ်ပေါ်နေပြီး သပိတ်ကျင်း ၊ လက်ပံလှ ၊ စဉ့်ကူး စသည့် ဒေသများတွင် လည်း ရေကြီးရေ လျှံမှုများဖြစ်ပွါးရာ လူနေအိမ်အချို့ ပြိုကျပျက်စီးခဲ့ ခဲ့သည်။

မိုးကုတ်- မတ္တရာကားလမ်းတွင်လည်း မြေပြိုမှုများဖြစ်ခဲ့ သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ပြီးလည်း ဂျူလိုင်လ ၂၇ ရက်နေ့အထိ မန္တလေးတိုင်းအတွင်းနေရာ စိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး နေရာကွက်ကျား မိုးကြီးနိုင်သေးသည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


မိုးအဆက်မပြတ်ရွာသွန်း သီပေါတွင် သက်တမ်းရင့် တံတားကျိုး လူ ၃ ဦးသေဆုံး  မိုးအဆက်မပြတ်ရွာသွန်း သီပေါတွင် သက်တမ်းရင့် တံတားကျိုး လူ ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.