ပရိုဘောက်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ဆိုင်ကယ်စီးလာသူ (၃)ဦီး သေဆုံး

ရန်ကုန်-ပုသိမ် ကားလမ်း 
 ပရိုဘောက်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ဆိုင်ကယ်စီးလာသူများ သေဆုံး

နေပြည်တော် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အညာတန်းကျေးရွာအနီး ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ်(၁၁/၄-၅)ကြားတွင် ဇူလိုင် ၁၃ ရက်က ပရိုဘောက်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်စီးလာသူများ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်က ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်နေ ကိုငယ်(ခ) ကျော်မျိုးမင်း(၄၁)နှစ်မောင်းနှင်သော 4F/----- ပရိုဘောက်ယာဉ်နှင့် ပုသိမ်မြို့နယ် ရေသိုးကုန်းကျေးရွာနေ ဟာရှင်(ခ)တင်ဦး(၂၇)နှစ် မောင်းနှင်ပြီး တစ်ရွာတည်း နေသူများ ဖြစ်သော ငှက်ကြား(၂၅)နှစ်နှင့် ကျော်စိုးပိုင်(၂၅)နှစ်တို့လိုက်ပါလာသည့် ကန်ဘို-၁၁ဝ ဆိုင်ကယ်တို့ ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ်(၁၁/၄-၅)ကြားတွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။

ထိုသို့တိုက်မိမှုကြောင့် ဟာရှင်(ခ)တင်ဦး၊ ငှက်ကြားနှင့် ကျော်စိုးပိုင်တို့ တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ကိုငယ်(ခ)ကျော်မျိုးမင်းအား ကန်ကြီးထောင့်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပရိုဘောက်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ဆိုင်ကယ်စီးလာသူ (၃)ဦီး သေဆုံး  ပရိုဘောက်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ဆိုင်ကယ်စီးလာသူ (၃)ဦီး သေဆုံး Reviewed by သစ်ထူးလွင် on 07:12 Rating: 5
Powered by Blogger.