သျှမ်း/ မြောက် မူစယ်တွင် ရေကြီး

ဓါတ်ပုံ- မူစယ်ဘက်ခြမ်းတွင် ရေကြီးနေပုံ
ဂျူလိုင်လ ၂၄ ရက် ၂၀၁၅

  သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့နယ်တွင် မိုးသည်းထန်ရွာသွန်း မှုကြောင့် ရွှေလီမြစ်ရေကြီးကာ ဟိုဆောင်ရပ်ကွက် ရေ တက်နေကြောင်း သိရသည်။

  ဟိုဆောင်ရပ်ကွက်မှာရေကြီးတာ။ လမ်းပေါ်မှာ ၂ ပေလောက်တက်တယ်။ ဒူးခေါင်းအထက်နားအထိပေါ့။ မိုးကြီးလို့ချောင်းကျရေကြောင့် လျှံတာပါ။ ရေနုတ်မြောင်း ရှင်းရင် အဆင်ပြေသွားမှာပါ။ နေအိမ် ၂၀ ကျော်ရေမြုပ်ပါတယ်။ ရေက ချက်ချင်း မတက် လာလို့တော်သေးတယ်။ - ဟု ဟိုဆောင်ရပ်ကွက်နေ စိုင်းအိုက်ကပြောသည်။

 မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့မနက်ပိုင်း က ရွှေ လီမြစ်ရေကြီးကာ မူစယ်မြို့ ဟိုဆောင်ရပ်ကွက်နေအိမ်နှင့် လမ်းမကြီးေ ပ်ါတွင် ရေ ၂ ပေခန့် လျှံ တက်လာခြင်းဖြစ်သည်။

ပန်းပျိုးပင်များစိုက်ပျိုးရောင်းချသော အိမ်များ ပျိုးပင်အားလုံး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တော်တော်များသည်ဟုလည်း ဟိုဆောင်ရပ်ကွက် သူ အေဦးက လည်းပြော ပါသည်။

 ပြီးခဲ့တဲ့ ၃-၄ ရက်ကတည်းက မိုးသည်းနေတာ။ ဟိုဆောင်ရပ်ကွက်မှာဆိုရင် နယူးစတားလိုက် ကုမ္မဏီရှိတယ် လေ။ သူက မြေတွေဖို့ပြီးအမြင့်ပိုင်း မှာနေ တယ်။ ပြီးတော့ သူ့ဘေးပတ်လည်က ရေနုတ်မြောင်းတွေက ပိတ်နေ တာ သူက ပြန်မရှင်းပေးဘူး။ ဒါကြောင့် အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်ထဲ ကိုရေတွေ က စီးဝင်ကုန်တာ။ - ဟု အေဦး ကပြောသည်။

 မူစယ်မြို့တဘက်ကမ်း တရုတ်ပြည်ဘက်ခြမ်းတွင် ဂျယ်ဂေါင်တွင်မူ မူစယ်ဘက်ခြမ်းထက်မြေနိမ့်သည်ဖြစ်ရာ ဗင်ကားခေါင်မိုး အထိ ရေ တက်ခဲ့ကြောင်းသိရသည်။

 မူစယ်မြို့သည် လွန်ခဲ့သည့် ၁၀ နှစ်က ယခုကဲ့သို့ ကြီးကြီးမားမား မြစ်ရေ လျှံခြင်းမရှိခဲ့ဖူးကြောင်း၊ ယခု ၃ နှစ်အတွင်းထူးခြားစွာရေလျှံမှုဖြစ်ပွါး ခဲ့ခြင်းဖြစ်ကြောင်း စိုင်းအိုက်က ပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
သျှမ်း/ မြောက် မူစယ်တွင် ရေကြီး   သျှမ်း/ မြောက် မူစယ်တွင် ရေကြီး Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.