ပြင်သစ်လက်နက်သိမ်းဆည်းရေး တပ်စခန်း ဖောက်ထွင်းခံရ၊ စစ်တပ်စခန်း လုံခြုံရေး ကင်မရာမရှိ


ဇူလိုင်​လ ၇ ရက်​ ပြင်​သစ်​စစ်​တပ်​မှ သတင်းထုတ်​ပြန်​သည်​မှာ နိုင်​ငံ၏ အ​ရှေ့​တောင်​ဘက်​ရှိ တပ်​စခန်းတစ်​​နေရာတွင် ​ပမာဏများပြား​သော ​ဖောက်​ခွဲ​ရေး ပစ္စည်းများ​ ပျောက်​ဆုံးခဲ့​ကြောင်း သိရသည်​။ ယင်းတို့ထဲတွင်​ စနက်​တံ ၂၀၀၊ လက်​ပစ်​​ဗုံးနှင့်​ အခြား​သော​ ဖောက်​ခွဲ​ရေး ပစ္စည်းများ ပါဝင်​​ကြောင်း သိရှိရသည်​။ ခိုးယူသူများသည်​ တပ်​စခန်း အပြင်​ဘက်​ရှိ သံဇကာများကို ဖျက်​စီးဝင်​​ရောက်​ကာ ​ဖောက်​ခွဲ​ရေး ပစ္စည်းများ ထားရှိရ​နေရာသို့ ခိုးဝင်​ယူ​ဆောင်​ကြခြင်း ဖြစ်​သည်​။


သို့​သော်​ လုံခြုံ​ရေးကင်​မရာများ မရှိသဖြင့် ယင်းကိစ္စကို စုံစမ်းစစ်​​ဆေးရန်​အတွက်​ အခက်​​တွေ့​နေကြသည်​။ စုံစမ်းစစ်​​ဆေးသူများက ခိုးယူသူများသည်​ လူဆိုးဂိုဏ်းသားများဖြစ်​နိုင်​ပြီး အကြမ်းဖက်​သမားများနှင့် ဆက်​စပ်​မှုရှိနိုင်​သည်​ဟု ခန့်မှန်းထားကြသည်​။


ပြင်​သစ်​နိုင်​ငံတွင်​ ယခုနှစ်​အတွင်း အကြမ်းဖက်​မှုဖြစ်​စဉ်​နှစ်​ကြိမ်​ဖြစ်​ပွားခဲ့ပြီး အကြမ်းဖက်​​အကြပ်​ကိုင်​​ခြောက်​လှန့်မှုများလည်းဖြစ်​ပွားလျက်​ရှိသည်​။ ယခုလိုအ​ခြေအ​နေမျိုးတွင်​ စစ်​တပ်​စခန်းအားခိုးဝင်​ယူ​ဆောင်​မှုအတွက်​ ပြင်​သစ်​ပြည်​သူများမှာ စိုးရိမ်​မကင်းဖြစ်​​နေကြသည်​။ အခုလက်​ရှိအ​ခြေအ​နေတွင်​ပြင်​သစ်​နိုင်​ငံသည်​ အကြမ်းဖက်​တိုက်ဖျက်ရေး အမြင့်ဆုံးအဆင့်သို့ ရောက်​ရှိ​နေပြီဖြစ်​​ကြောင်း သိရှိရသည်​။

china.com Myanmar
http://myanmar.china.com
ပြင်သစ်လက်နက်သိမ်းဆည်းရေး တပ်စခန်း ဖောက်ထွင်းခံရ၊ စစ်တပ်စခန်း လုံခြုံရေး ကင်မရာမရှိ  ပြင်သစ်လက်နက်သိမ်းဆည်းရေး တပ်စခန်း ဖောက်ထွင်းခံရ၊ စစ်တပ်စခန်း လုံခြုံရေး ကင်မရာမရှိ Reviewed by သစ်ထူးလွင် on 18:24 Rating: 5
Powered by Blogger.