ဆူးအက်စ် တူးမြောင်း လမ်းကြောင်းသစ် အောင်မြင်


 ဆူးအက်စ် တူးမြောင်း မှာ ထပ်မံ ပြုလုပ် ထားတဲ့ လမ်းကြောင်းသစ် ကို ပထမဆုံး အကြိမ် အသုံးပြု ပြီး ကုန်တင်သင်္ဘော ၃ စင်း ခုတ်မောင်း သွား ခဲ့ ပြီ ဖြစ်လို့ အဲဒီလို စမ်းသပ် မောင်းနှင် ခဲ့ မှု ကို အီဂျစ် အာဏာပိုင် တွေ က အောင်မြင် မှု တစ်ရပ် အနေနဲ့ ဂုဏ်ယူ နေကြ ပါတယ်။

ဆူးအက်စ် ရဲ့ အဲဒီ့ ရေ လမ်းကြောင်းသစ် ကို နောက်လ ထဲ မှာ တရားဝင် ဖွင့်လှစ် မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ နီးပါး ကတည်း က စတင် ဖောက်လုပ် ထားတဲ့ ဆူးအက်စ် တူးမြောင်း ကို တိုးချဲ့ တဲ့ အနေနဲ့ အခုလို လမ်းကြောင်းသစ် တစ်ခု ကို တိုးချဲ့ ခဲ့တာ ပါ။

ကမ္ဘာ့ ကုန်သွယ်ရေး ရဲ့ အဓိက အရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တဲ့ ဆူးအက်စ် တူးမြောင်း ကနေ လောလောဆယ် မှာ ကို အီဂျစ် အစိုးရ အနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်း ၅ ထောင် ဝန်းကျင် ဖြတ်သန်းခ ကောက်ခံ ရရှိ နေပါတယ်။

လမ်းကြောင်းသစ် ဖွင့်လှစ် ပြီးရင် ၂ ဆ မက ဝင်ငွေ တိုးလာမယ် လို့ အီဂျစ် အစိုးရ က မျှော်လင့် နေပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဆူးအက်စ် တူးမြောင်း လမ်းကြောင်းသစ် အောင်မြင်  ဆူးအက်စ် တူးမြောင်း လမ်းကြောင်းသစ် အောင်မြင် Reviewed by THITHTOOLWIN on 09:55 Rating: 5
Powered by Blogger.