မိုးကုတ်မြို့တွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ပျက်စီး


မိုးကုတ် ဇူလိုင် ၂၅

ဇူလိုင်လ (၂၄)ရက်နေ့ နံနက်ပိုင်း (၀၅၁၅ ) နာရီမှစ၍ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်း (၀၉၀၀)နာရီအထိ မိုးကုတ်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွားသွန်းခဲ့ရာ မိုးရေချိန် (၆.၆၉)လက်မ အထိ ရောက်ရှိ ခဲ့ပြီး ရေကြီး၊ ရေလျံ၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ ပါသည်။

အဆိုပါ ရေးကြီး၊ ရေလျှံ၊ မြေပြိုမှုများကြောင့် အိမ်ခြေ (၂၈) လုံး ထိခိုက် ပျက်စီးခဲ့ပြီး ကိုရင်တစ်ပါးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရှိခဲ့ကြောင်း သိရှိရ သည်။


မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီနှင့် မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သော ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


မိုးကုတ်မြို့တွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ပျက်စီး  မိုးကုတ်မြို့တွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ပျက်စီး Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.