ကန့်သတ်ချက်တွေ ချခဲ့လို့ မြန်မာ့ပင်လယ် ငါးကောင်ရေတိုး

ငါးကောင်ရေ ကျဆင်းရ တဲ့ အဓိက ပြဿနာ တွေ ထဲ အိမ်နီးချင်း နိုင်ငံ တွေ က လာတဲ့ ငါးဖမ်းလှေ တွေ က ခိုးဝင် ဖမ်း နေတာ ကလည်း တစ်ခု အပါအဝင် ဖြစ် ပါတယ်။ 
 မြန်မာ ပင်လယ် ပြင် မှာ ရှိတဲ့ သဘာဝ ပင်လယ်ငါး တွေ သားပေါက် ချိန် ရရှိ နိုင် အောင် ငါးမဖမ်းရ ကာလ သတ်မှတ် တဲ့ ထိန်းချုပ် မှု မျိုး ရှိ လာတဲ့ အတွက် ငါးကောင်ရေ တိုးတက် လာတာ တွေ့ ရသလို ငါး လုပ်ငန်း ရေရှည် တည်တံ့ ဖို့ အထောက် အကူ ဖြစ် လာစေ တယ် လို့ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း အသင်း က ပြော ပါတယ်။

ငါးဖမ်းလှေ ၂၀၀၀ ဝန်းကျင် ရှိ နေ တဲ့ အထဲ က အခု နှစ် ၂၀၁၅ ထဲ မှာ ဆိုရင် ဇွန်၊ ဇူလိုင် နဲ့ ဩဂုတ် ၃ လ တာ အတွင်း မှာ လှေ အစင်းရေ တစ်ဝက် လောက် ကိုပဲ ငါး လုပ်ငန်း ဦးစီးဌာန က ဖမ်းခွင့် ပြု ထားတယ် ဆိုပြီး ပင်လယ်ငါးဖမ်း အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုး က ဘီဘီစီ ကို ပြောပါတယ်။

၂၀၁၃ ခုနှစ် ကတည်း က ထိန်းချုပ် မှု တွေ စတင် ခဲ့တာ ဖြစ်ပြီး သတ်မှတ် ရက် ၄၅ ရက် အပိုင်းအခြား အတွင်း မှာ လှေ စင်းရေ ၇၅ % ကို ခွင့်ပြု ခဲ့တာ ကနေ၊ ၂၀၁၄ မှာ တော့ ထိန်း ချုပ် ကာ လ ကို ၂ လ ထိ တိုးမြှင့် လိုက် သလို လှေစင်းရေ ကို ၆၅ % အထိ လျှော့ ချ ခဲ့ ပါတယ်။

ဒီ လို ထိန်း ချုပ် မှု တွေ ရဲ့ ရလာဒ် အနေ နဲ့ မြန်မာ့ ပင်လယ် ပြင် မှာ ငါးကောင်ရေ တိုးတက် များပြား လာ တယ် ဆို တာ ကို နော်ဝေ နိုင်ငံ က ဦးဆောင် ပြုလုပ် နေတဲ့ စစ်တမ်း တွေ အရ သိရတယ် လို့ ဦးမောင်မောင်စိုး က ဆိုပါတယ်။

ဒီ ထိန်းချုပ် ကာလ တွေ မှာ တစ်ဘက် ကတော့ ဈေးကွက်ထဲ ပင်လယ် ငါး ဝင်ရောက် တဲ့ ပမာဏ ကျဆင်း ရ ပြီး စားသုံး သူတွေ အတွက် ဈေးကြီးပေး ၀ယ်ရ သလို လှေ မထွက် ရတဲ့ ငါးဖမ်း လုပ်ငန်း ရှင် တွေ နဲ့ အလုပ် သမား တွေ အတွက် ထိခိုက် ရတာ မျိုး ရှိ လာတယ် လို့ လည်း ဦးမောင်မောင်စိုး က ပြောပါတယ်။

မြန်မာ့ ပင်လယ်ပြင် မှာ ငါးကောင်ရေ ကျဆင်းရ တဲ့ အဓိက ပြဿနာ တွေ ထဲ အိမ်နီးချင်း နိုင်ငံ တွေ ရဲ့ ငါးဖမ်းလှေ တွေ က ခိုးဝင် ဖမ်း နေတာ ကလည်း တစ်ခု အပါအဝင် ဖြစ် ပါတယ်။

ဒီဘက် နှစ် တွေ မှာတော့ အဲဒီ့လို့ တရားမဝင် ငါးဖမ်း လှေ တွေ အရေ အတွက် လျော့ ကျ သွားတယ် လို့ ဆိုပေမယ့် အတိုင်းတာ တစ်ရပ် အထိ တော့ ရှိနေတုန်း ပဲ လို့ ဦးမောင်မောင်စိုး က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကန့်သတ်ချက်တွေ ချခဲ့လို့ မြန်မာ့ပင်လယ် ငါးကောင်ရေတိုး  ကန့်သတ်ချက်တွေ ချခဲ့လို့ မြန်မာ့ပင်လယ် ငါးကောင်ရေတိုး Reviewed by သစ်ထူးလွင် on 05:46 Rating: 5
Powered by Blogger.