နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ ဗုဒ္ဓဥယျာဉ်တော် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တွေ့ရှိ


 ချန်ဒူး ဇူလိုင် ၁၃

 သက်တမ်းနှစ်ပေါင်း ၁၂ဝဝ ရှိသော ရှေးဟောင်းဗုဒ္ဓဥယျာဉ် တော်ကို တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ စီချွမ်ပြည်နယ်၏မြို့တော် ချန်ဒူးတွင်ရှာဖွေတွေ့ရှိခဲ့ ကြောင်း ဒေသခံရှေးဟောင်း သုတေ သန တူးဖော်ရေးသမားများက တနင်္လာနေ့က ပြောခဲ့သည်။

တန်မင်းဆက် လက်ထက်က တည်ဆောက်ခဲ့သော အဆိုပါ ဗုဒ္ဓ ဥယျာဉ်တော်ကို ချန်ဒူးမြို့လယ် ကောင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် အနီး၌ ယခုလအစောပိုင်းတွင် တွေ့ရှိခဲ့သည်။ ရှေးဟောင်းသုတေသန ပညာရှင်များက စတုရန်းမီတာ ၂၅ဝဝ ကျယ်ဝန်းသော ရှေးခေတ် ဥယျာဉ် တော်၏ ကြွင်းကျန်သော အစိတ် အပိုင်းများ၊ မီတာ ၉ဝ ရှည်လျား သော တူးမြောင်းနှင့် ရေကန်တစ်ခု တို့ကို တူးဖော်တွေ့ရှိခဲ့သည်။

တူးဖော်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်သူက ယခုတူးဖော်တွေ့ရှိသော ဥယျာဉ်တော်မှာ ၄င်းနှင့်ခေတ်ပြိုင် ဗုဒ္ဓကျောင်းတော်အနီး တည်ဆောက် ထားသော လူကဖန်တီးပြုလုပ်ထား သည့် ဥယျာဉ်တော်ဖြစ်သည်ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၁ဝ ကျော် ချင်မင်းဆက်လက်ထက်က ဗုဒ္ဓရုပ်ပွား တော်များစွာကိုလည်း ဘုရားကျောင်း အနီး၌ တွေ့ရှိခဲ့ရသည်။

မြေစေးနှင့် ကျောက်ဖြင့်ပြုလုပ် ထားသော ဗုဒ္ဓရုပ်ပွားတော်များကို အဆိုပါ တူးဖော်ရေးနေရာတွင် တွေ့ ရှိခဲ့သည်။ ရှေးဟောင်းသုတေသန ပညာရှင်များက ဥယျာဉ်တော်များကို တန်မင်းဆက် လက်ထက်တွင် ဘုရင့်ခုံရုံးများ၊ ဘုရားကျောင်းများနှင့် ပုဂ္ဂလိကအိမ်ရာများ၌ တည်ဆောက် ခဲ့ကြကြောင်း ပြောဆိုကြသည်။

သို့သော် ရှေးဟောင်းသုတေသန ပညာရှင်များက အဆိုပါဥယျာဉ် တော်မှာ ဘုရင့်ခုံရုံးနှင့်အိမ်ရာများ ထက် ဘုရားကျောင်းတော်နှင့်သာ သက်ဆိုင်ခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချကြသည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ ဗုဒ္ဓဥယျာဉ်တော် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တွေ့ရှိ  နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ ဗုဒ္ဓဥယျာဉ်တော် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တွေ့ရှိ Reviewed by သစ်ထူးလွင် on 04:47 Rating: 5
Powered by Blogger.