သျှမ်းတောင်တွင် မဲစာရင်းမပေါက်သူ ၂ သောင်းကျော်ရှိ (သျှမ်း) ရွေး /ကော်ပြော


ဂျူလိုင်လ ၇ ရက် ၂၀၁၅

သျှမ်းပြည်(တောင်ပိုင်း) တစ်ခုလုံးတွင် မဲစာရင်း အမည်မပါသူများ နှစ်သောင်းကျော်ရှိနေသည်ဟု သျှမ်းပြည်နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ထံမှသိရသည် ။

သျှမ်းပြည်နယ်(တောင်ပိုင်း) အနေနှင့် ပဏာမ မဲစာရင်းများ ကြေညာခဲ့သည့် ဂျွန်လ(၈)ရက်နေ့မှ (၂၆) ရက်အနေ့အထိ ပုံစံ(၃)ဖြင့်လျှောက်ထား သူ (၂၄၄၈၃) ဦးရှိကြောင်း၊ ပုံစံ(၄-ဂ) ဖြင့်လျှောက်ထားသူ (၂၃၆ ၅၃)
ခန့်ရှိပြီး (၄)ဖြင့်လျှောက်ထားသူ (၇၀၇၀)ခန့်ရှိကြောင်း ပြည်နယ် ဒုညွန်ကြားရေးမှုး ဦးသန်းလွင်မြင့်ထံမှသိရသည်။

" အမှားပြင်ဆင်မှုတွေကတော့ ရှိဦးမှာပဲ မဲစာရင်းတွေမခွာသေးပါဘူး ၊ ခုထိမဲစာရင်းကြေငြာ ချက်တွေကပ် ထားဖို့ညွန်ကြားထားတာပဲ " ၄င်းကပြောကြားခဲ့သည် ။

မဲစာရင်းများမှားယွင်းနေမှုအားပြန်လည်ပြင်ဆင်ခြင်းအတွက်ဂျူလိုင်လ(၄) ရက်နေ့က IFES အကူအညီဖြင့် မြို့နယ်ရွေးကောက်ပွဲကော် မရှင်မှသင် တန်းနှစ်ရက် တာပို့ ချခဲ့ကြောင်းသိရသည် ။

ယင်းသင်တန်းအား တောင်ကြီးခရိုင် (၅)မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ(၂) မြို့ နယ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ (၂) မြို့နယ် ရှိရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ အားပို့ချခဲ့ခြင်းဖြစ်သည် ။

မြို့နယ်တစ်ခုမှ အခြားတစ်ခုသို့ပြောင်းရွှေ့နေထိုင်သည့်အခါ အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆) မပြောင်းဘဲထားလျှင် မိမိ၏အမည်သည် ယခင် နေထိုင်ခဲ့သည့် မြို့နယ်ရှိရပ် ကွက်မှ မဲစာရင်းအတွင်းသာပါမည်ဖြစ်ပြီး
ယခင်နေထိုင်ခဲ့သည့် မြို့နယ်မဲစာရင်းတွင် မိမိအမည် ပါမပါ စုံစမ်းရ မည်ဖြစ်သည် ။

မဲစာရင်းကြေညာချက်တွင် မိမိအမည်မပါလျှင် ပုံစံ(၃)ဖြင့် လျှောက်ထားရန်၊ အချက်အလက်များ မမှန်လျှင် ပုံစံ(၄-ဂ) ဖြင့်လျှေက်ထားရန်၊ ကွယ်လွန်ပြီး သူများနှင့် မဲပေးပိုင်ခွင့်မရှိသူများပါဝင်နေလျှင် အထောက်
အထားနှင့် အတူ ပုံစံ (၄) ဖြင့် ကန့်ကွက်ရန် ၊ ပုံစံလျှောက်လွှာများအား ရပ်/ကျေး ကော်မရှင် ရုံးခွဲတွင်ထုတ်ယူနိုင်သည် ။

ရွေးကောက်ပွဲကော်မရှင်မှ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် မဲပေးသူများအားအသိပညာပေးခြင်း အနေနှင့် မဲဆန္ဒရှင်များဆိုင်ရာလက်ကမ်း စာစောင် များကို သျှမ်း၊ပအိုဝ်း၊ မြန်မာ စသည်ဖြင့်သုံးဘာသာ ဖြင့်
ထုတ်ဝေထား ကြောင်းသိရသည် ။

သျှမ်းသံတော်ဆင့် / ယိင်းတိုင်း
https://www.facebook.com/Panglong.burmese
သျှမ်းတောင်တွင် မဲစာရင်းမပေါက်သူ ၂ သောင်းကျော်ရှိ (သျှမ်း) ရွေး /ကော်ပြော  သျှမ်းတောင်တွင် မဲစာရင်းမပေါက်သူ ၂ သောင်းကျော်ရှိ (သျှမ်း) ရွေး /ကော်ပြော Reviewed by သစ်ထူးလွင် on 21:51 Rating: 5
Powered by Blogger.