လေယာဉ်အပိုင်းစတွေ့ ပျောက်ဆုံးတဲ့ မလေးလေယာဉ်လို့ထင်

La Reunion ကျွန်းပေါ်မှာ တွေ့ရတဲ့ လေယာဉ် အပိုင်းအစ (Credit: AFP) 
  အာဖရိကတိုက်နဲ့ ​နီးတဲ့ ​La ​Reunion ​ကျွန်းပေါ်ကို ​လေယာဉ် ​အပိုင်းအစ ​လှိုင်းနဲ့အတူ ​ပါလာရင် ​သောင်တင်နေရာက ​ဒါဟာ ​ပျောက်ဆုံးနေတဲ့ ​မလေးရှား ​လေယာဉ် ​MH370 ​ရဲ့ ​အပိုင်းအစ ​ဖြစ်မယ်လို့ ​ယူဆနေကြပါတယ်။

အဲဒီလေယာဉ်ရဲ့ ​အပိုင်းအစဟာ ​၂ ​မီတာလောက် ​ရှည်လျားပြီး ​လေယာဉ်တောင်ပံရဲ့ ​အစိတ်အပိုင်းဖြစ်မယ်လို့ ​ယူဆနေကြပါတယ်။

La ​Reunion ​ကျွန်းဟာ ​Madagascar ​ကျွန်းအနားမှာ ​တည်ရှိပါတယ်။

ကျွန်းပေါ်ကလူတွေက ​ကမ်းခြေတလျှောက်မှာ ​သန့်ရှင်းရေးလုပ်တုန်း ​လေယာဉ် ​အစိတ်အပိုင်း ​တစ်ခုကို ​တွေ့ခဲ့တာပါ။

အဲဒီ ​အပိုင်းအစပေါ်မှာ ​တခြားအရာတွေကပါ ​တွယ်ကပ်နေပြီဆိုတာကို ​ကြည်ြ့ခင်းအားဖြင့် ​ပယ်လယ်ထဲ ​အချိန်အကြာကြီး ​ရောက်ရှိနေတာလို့ ​သုံးသပ်နိုင်ကြောင်း ​မျက်မြင် ​သက်သေတစ်ဦးက ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ပြင်သစ်နိုင်ငံ ​လေကြောာင်းလိုင်း ​အရာရှိတွေက ​စုံစမ်းမှု ​လုပ်သွားမှာ ​ဖြစ်ပါတယ်။

ဒီလေယာဉ် ​အပိုင်းအစက ​ဘယ်လေယာဉ် ​အပိုင်းအစ ​ဖြစ်နိုင်မလဲ။

မလေးရှားပိုင် ​MH370 ​လေယာဉ်က ​၂၀၁၄ ​ခုနှစ် ​မတ်လတုန်းက ​ကွာလာလမ်ပူကနေ ​ဘေကျင်းမြို့ကို ​အသွား ​ပျောက်ဆုံးနေတာ ​ဖြစ်ပါတယ်။

အီသီယိုးပီးယား ​လေကြောင်းပိုင် ​961 ​လေယာဉ်ဟာလည်း ​၁၉၉၆ ​ခုနှစ်တုန်းက ​သြစတြေးလျနိုင်ငံမှာ ​ခိုလှုံခွင့်တောင်းတဲ့ ​အီသီယိုးပီးယား ​နိုင်ငံသား ​သုံးယောက်ရဲ့ ​ပြန်ပေးဆွဲမှုကြောင့် ​အိန္ဒိယ ​သမုဒ္ဒရာထဲ ​ထိုးကျပြီး ​လူပေါင်း ​၁၇၅ ​ယောက်ထဲက ​၁၂၅ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

တောင်အာဖရိကပိုင် ​၂၉၅ ​လေယာဉ်ဟာလည်း ​၁၉၈၇ ​ခုနှစ်တုန်းက ​အိန္ဒိယ ​သမုဒ္ဒရာထဲ ​ထိုးကျသွားခဲ့ဖူးပါတယ်။
ဒီလေယာဉ်အပိုင်းအစက ​ဘယ်လေယာဉ်ရဲ့ ​အပိုင်းအစ ​ဖြစ်မလဲဆိုတာကို ​သိနိုင်ဖို့ ​မလေးရှားကလည်း ​ကိုယ်စားလှယ်တွေကို ​စေလွှတ်ပြီး ​စစ်ဆေးမှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

တချို့လူတွေကတော့ ​လေယာဉ် ​အစိတ်အပိုင်းတောင် ​ဟုတ်ရဲ့လားဆိုတာ ​စောင့်ကြည့်ရဦးမယ်လို့ ​ပြောဆိုနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လေယာဉ်အပိုင်းစတွေ့ ပျောက်ဆုံးတဲ့ မလေးလေယာဉ်လို့ထင်   လေယာဉ်အပိုင်းစတွေ့ ပျောက်ဆုံးတဲ့ မလေးလေယာဉ်လို့ထင် Reviewed by THITHTOOLWIN on 11:19 Rating: 5
Powered by Blogger.