စကြာဝဠာမှာ အီးတီတွေ ရှိမရှိ ရှာဖွေသွားမယ်

ဗြိတိန်နိုင်ငံသား စကြာဝဠာ သိပ္ပံပညာရှင် Stephen Hawking (Credit: Reuters) 
 ဗြိတိန်နိုင်ငံသား ​စကြာဝဠာ ​သိပ္ပံပညာရှင် ​Stephen ​Hawking ​က ​ကမ္ဘာပြင်ပမှာ ​တခြား ​သက်ရှိတွေ ​ရှိမရှိ ​ဆိုတာကို ​ရှာဖွေဖို့ ​စီမံကိန်း ​စတင်လိုက်ပြီ ​ဖြစ်ပါတယ်။

 ဒေါ်လာ ​၁၃၅ ​သန်း ​ကုန်ကျခံပြီး ​၁၀ ​နှစ်အတွင်း ​ရှာဖွေသွားဖို့ ​ဖြစ်ပါတယ်။

 ရုရှား ​Silicon ​Valley ​စီးပွားရှင် ​Yuri ​Milner ​က ​ငွေကြေးစိုက်ထုတ်မှာ ​ဖြစ်ပြီး ​အီးတီတွေ ​ရှိမရှိ ​ဆိုတာကို ​လေ့လာသွားမယ်လို့ ​ဆိုပါတယ်။

 စကြာဝဠာမှာ ​တခြား ​သက်ရှိတွေလည်း ​ရှိနိုင်တယ်လို့ ​ပညာရှင် ​Stephen ​Hawking ​က ​ပြောပါတယ်။

 ကမ္ဘာပြင်ပမှာ ​သက်ရှိတွေ ​ရှိသလား ​ဆိုတာ ​လူတိုင်း ​သိချင်တဲ့ ​အဖြေဖြစ်တာကြောင့် ​ဒီအဖြေကို ​ရှာဖွေမှပဲ ​ရနိုင်တော့မယ်လို့လည်း ​ပြောလိုက်ပါတယ်။

 ရေဒီယိုတွေ၊ ​လေဆာတွေ ​မရောက်နိုင်တဲ့ ​နေရာတွေအထိ ​စောင့်ကြည့်ပြီး ​ကမ္ဘာပြင်ပမှာ ​သက်ရှိတွေ ​ရှိမရှိ ​လေ့လာမယ်လို့ ​ပြောပါတယ်။

 အရင်တုန်းက ​တစ်နှစ်စာ ​ရှာဖွေ ​စုဆောင်းရတဲ့ ​အချက်တွေကို ​အခု ​စီမံကိန်းမှာ ​အသုံးပြုမယ့် ​စက်တွေက ​တစ်ရက်အတွင်း ​ရှာဖွေ ​စုဆောင်းနိုင်မယ်လို့ပြောပါတယ်။

 ဒါကြောင့် ​ကြယ်အလုံးပေါင်း ​သန်းနဲ့ချီအပြင် ​နဂါးငွေ့တန်းနဲ့ ​galazy ​ကြယ်စုပေါင်း ​တစ်ရာကိုလည်း ​စောင့်ကြည့်သွားမှာ ​ဖြစ်ပါတယ်။

 ကမ္ဘာပြင်ပမှာ ​သက်ရှိတွေကို ​ရှာဖွေတာ ​ဖြစ်နိုင်ခြေနည်းတဲ့ ​လောင်းကစားတမျိုး ​ဖြစ်ပေမယ့် ​သက်ရှိတွေ ​ရှိကြောင်း ​တွေ့ရင်တော့ ​တန်ဖိုး ​မဖြစ်နိုင်တဲ့အရာကို ​ရရှိမှာ ​ဖြစ်တယ်လို့ ​သြစတြေးလျနိုင်ငံက ​သိပ္ပံပညာရှင်က ​ပြောပါတယ်။

 အဲဒီ ​စီမံကိန်းမှာ ​အသုံးပြုမယ့် ​ရေဒီယို ​စနစ်တွေကို ​သြစတြေးလျမှာ ​ထားရှိမယ့်အတွက် ​သြစတြေးလျကလည်း ​ဒီလုပ်ငန်းမှာ ​အဓိက ​နေရာမှာ ​ပါဝင်တယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
စကြာဝဠာမှာ အီးတီတွေ ရှိမရှိ ရှာဖွေသွားမယ်   စကြာဝဠာမှာ အီးတီတွေ ရှိမရှိ ရှာဖွေသွားမယ် Reviewed by THITHTOOLWIN on 14:49 Rating: 5
Powered by Blogger.