ဖမ်းဆီးခံ တကသ ကျောင်းသားများကို ဒုတိယအကြိမ်ရုံးထုတ်


 ဇူလိုင် ၂၄

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှုဖြင့် တရားရင်ဆိုင်နေရသော တက္ကသိုလ်ကျောင်းသားသမ္မဂမှ ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဇူလိုင်လ(၂၄)ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် တရားရုံးနှင့် ပန်းဘဲတန်းမြို့နယ် တရားရုံးတို့တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့သည်။

 ရုံးထုတ်ရာတွင် ကိုဇေယျာလွင်က “ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ကျွန်တော်တို့ပြည်သူပြည်သားတွေဟာ ကိုယ်နိုင်စေချင်တဲ့ပါတီ ၊ ကိုယ်နိုင်စေချင်တဲ့ အစုအဖွဲ့ကို နိုင်အောင်လုပ်ပေးဖို့က ကျွန်တော်တို့ပြည်သူတွေ တာဝန်ဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။

 အဆိုပါနေ့ရုံးချိန်းတွင် အမှုတွဲလူမစုံသောကြောင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ သြဂုတ် (၄) ရက်တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုခဲ့သည်။

မင်းဟိန်း
The Street View
https://www.facebook.com/pages/The-Street-View
ဖမ်းဆီးခံ တကသ ကျောင်းသားများကို ဒုတိယအကြိမ်ရုံးထုတ်  ဖမ်းဆီးခံ တကသ ကျောင်းသားများကို ဒုတိယအကြိမ်ရုံးထုတ် Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.