ပြိုင်ဘက်အကြမ်းဖက်အဖွဲ့က အိုင်အက်စ်စစ်သွေးကြွ ၁၃ ယောက်ကို သေနတ်ဖြင့်အဆုံးစီရင်ပုံ ဗီဒီယိုထွက်ပေါ်လာ


ဆီးရီးယားနိုင်ငံတွင် အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်နေသော အကြမ်းဖက်အုပ်စုတစုက ၎င်းတို့ရန်သူ များကို ဖမ်းဆီးပြီး အစုလိုက်သတ်ဖြတ်ပစ်သည့်ဗီဒီယိုဖိုင်များ ထွက်ပေါ်လာခဲ့သည်။ အဆိုပါဖမ်းဆီးရမိသည့် အိုင်အက်စ်စစ်သွေးကြွများကို ၎င်းတို့က သတ်ဖြတ်ခဲ့သည့်ဓားစာခံများ ၀တ်ဆင်ရလေ့ရှိသည့် အ၀ါရောင်ဝတ်စုံ များဝတ်ဆင်စေပြီး ဆီးရီးယားမှ ဂျေးရှ်အယ်လ်အစ္စလာမ် Jaysh Al-Islam အဖွဲ့ စစ်သားများက ၎င်းအိုင် အက်စ် ၁၃ ဦးကို သုတ်သင်ခဲ့ကြခြင်းဖြစ်သည်။

''အစ္စလာမ်တပ်မတော်'ဟု ၎င်းတို့ကိုယ်ကိုယ်အမည်ပေးထားတဲ့ ၎င်းဂျေးရှ်အယ်လ် အစ္စလာမ်အဖွဲ့တွင် သစ္စာခံ တိုက်ခိုက်ရေးသမား ၂၅၀၀၀ ရှိသည်ဟုဆိုသည်။ ၎င်းအဖွဲ့က ဖမ်းဆီးထားသည့် အိုင်အက်စ်များကို ဒူးထောက် ခိုင်းပြီးနောက် အဆိုပါ ဂျေးရှ်အယ်လ် အစ္စလာမ်တပ်ဖွဲ့ခေါင်းဆောင်က ''အလ္လာရ်ဟာ ကုစားပေးတဲ့ဆေး မညွှန်းပြဘဲ ရောဂါကို မဖန်တီးဘူး''ဟု ပြောဆိုကြေညာကာ ၎င်းတို့၏ နောက်ကျောမှနေ၍ ခေါင်းကိုချိန်ပြီး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သုတ်သင်ခဲ့သည်ကို ၁၉ မိနစ်ကြာ ပြသသည့်ဗီဒီယိုတွင် တွေ့မြင်ရသည်။ ဤသို့ မသုတ်သင်မီ အဆိုပါတပ်ဖွဲ့ခေါင်းဆောင်က အိုင်အက်စ်စစ်သွေးကြွများသည် အစ္စလာမ်ဘာသာရေးကို ပျက် ပြားအောင် ပြုလုပ်နေကြသူများဖြစ်ကြောင်း ဆီးရီးယားဗလီများကို တိုက်ခိုက်ဖျက်ဆီးနေကြသူများဖြစ်ကြောင်း ၎င်းတို့ကျူးလွန်ခဲ့သောအပြစ်များအတွက် အပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ဂျေးရှ်အယ်လ် အစ္စလာမ်အဖွဲ့သည် ဆီးရီးယားမြို့တော် ဒမတ်စကပ်နှင့်ပတ်ဝန်းကျင်တ၀ိုက်တွင် လှုပ်ရှားနေကြသော သမ္မတ အာဆတ်ကိုတိုက်ခိုက်နေသည့် သူပုန်တပ်ဖွဲ့ဖြစ်သည်။ အဆိုပါအဖွဲ့ကို ဆော်ဒီအာရေဗီးယားနိုင်ငံက ငွေကြေး နှင့် လက်နက်များ ပံ့ပိုးကူညီပေးနေသည်ဟုဆိုသည်။ ၎င်းအဖွဲ့ကို ၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ ဆီးရီးယားသမ္မတကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့ ၅၀ ကို ဆော်ဒီက ပံ့ပိုးပေးခဲ့သည်ဟု စွပ်စွဲမှုများရှိခဲ့ သည်။ ဂျေးရှ်အယ်အစ္စလာမ်အဖွဲ့ကို ရှိပ်ကရန်းအလော့ခ်ျဆိုသူက ဦးဆောင်မှုပေးနေသည်ဟုသိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပြိုင်ဘက်အကြမ်းဖက်အဖွဲ့က အိုင်အက်စ်စစ်သွေးကြွ ၁၃ ယောက်ကို သေနတ်ဖြင့်အဆုံးစီရင်ပုံ ဗီဒီယိုထွက်ပေါ်လာ  ပြိုင်ဘက်အကြမ်းဖက်အဖွဲ့က အိုင်အက်စ်စစ်သွေးကြွ ၁၃ ယောက်ကို သေနတ်ဖြင့်အဆုံးစီရင်ပုံ ဗီဒီယိုထွက်ပေါ်လာ Reviewed by သစ်ထူးလွင် on 20:46 Rating: 5
Powered by Blogger.