စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် အိမ်ခြေ ၆၀ ခန့်ပြောင်းရွှေ့


စလင်း ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၌ ဒေသ အတွင်း မိုးရွာသွန်းမှုအားကောင်းလာ ခြင်းနှင့် မြစ်ချောင်းများ ပြောင်းလဲ လာခြင်းတို့ကြောင့် အပေါ်ယံမြေထု သုံးပေကျော်ခန့်ရှိပြီး အဆိုပါ မြေထု အောက်နုန်းသဲများဖြင့် ဖွဲ့စည်းဖြစ် တည်ခဲ့သော သဲကမ်းပါးများသည် နေရာအနှံ့ ပြိုကျမှုများဖြစ်ပွားလျက် ရှိပြီး ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် စလင်းမြို့နယ်ရှိ ကျေးရွာများသည် အိမ်ခြေ ၆ဝ ခန့်နှင့် လူဦးရေ ၂၅ဝ ခန့် ကမ်းပါးပြိုကျမှုမှ လွတ်ကင်းရာ နေရာများသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

ဇူလိုင် ၆ ရက် နံနက် ၆ နာရီမှ ညနေ ၃ နာရီအထိ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ရေပေါ်ကျွန်း လေးကျေးရွာ၌ ဧရာဝတီမြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်းနှင့် ပေ ၁ဝဝ ခန့် ကွာဝေး သည့် အိမ်တစ်လုံး၊ အိမ်ထောင်စု တစ်စု၊ လူ ငါးဦးအား ၄င်းတို့ဝယ်ယူ ထားသော ဇီးဖြူပင်ကျေးရွာအုပ်စု ကွင်းအမှတ် (၄ဝ၄)သို့လည်းကောင်း၊ သရက်ကုန်းကျေးရွာအုပ်စု သရက် ကုန်းကျေးရွာ အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်းနှင့် ပေ ၅ဝ ခန့်ကွာဝေးသည့် အိမ်ခြေခြောက်လုံး၊ အိမ်ထောင်စု ခြောက်စု၊ လူဦးရေ ၃၄ ဦး၊ ဆင်မကျွန်းကျေးရွာအုပ်စု အချင်းပြစ်မြောက်ကျေးရွာအရှေ့ဘက်တွင် ဧရာဝတီ မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်းနှင့် ပေ ၁ဝဝ ခန့်ကွာဝေးသည့် အိမ်ခြောက်လုံး၊ အိမ်ထောင်စု ခြောက်စု၊ လူ ၁၂ ဦး၊ ဇီးဖြူပင်ကျေးရွာအုပ်စု ကျူတော အလယ်ကျေးရွာနှင့် ဘိုကုန်းကျေးရွာ၏အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်း နှင့် ပေ ၂ဝဝ ခန့်ကွာဝေးသည့် အိမ်ငါးလုံး၊ အိမ်ထောင်စု ငါးစု၊ လူဦးရေ ၂၃ ဦး၊ တလင်းကြီးကျေးရွာအုပ်စု တလင်း ကြီးကျေးရွာအရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ အိမ်ငါးလုံး၊ အိမ်ထောင်စုငါးစု၊ လူဦးရေ ၁၈ ဦးတို့အား ပြောင်းရွှေ့ပေးခဲ့သည်။

ဇူလိုင် ၆ ရက်တွင် မင်းဘူးခရိုင် စလင်းမြို့နယ် အတွင်းရှိ ကျေးရွာခြောက်ရွာမှ လူနေအိမ် ၂၃ လုံး၊ မိသားစုဝင် ၉၂ ဦးတို့အား ၄င်းတို့ဝယ်ယူထားသော ကွင်းအမှတ်များသို့ ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ရ ကြောင်း သိရသည်။
ဇူလိုင် ၇ ရက် နံနက် ၆ နာရီမှ ညနေ ၃ နာရီထိ မင်းဘူးခရိုင် စလင်းမြို့နယ် သရက်ကုန်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ၏အရှေ့ဘက်တွင် ဧရာဝတီမြစ် ရေတိုက်စား၍ နေအိမ် ၁၃ လုံးမှ မိသားစုဝင် ၆၈ ဦး၊ စလင်းမြို့နယ် တလင်းကြီးကုန်းကျေးရွာအုပ်စု တလင်း ကြီးကုန်းကျေးရွာ၏အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် နေအိမ် ၁ဝ လုံးမှ မိသားစုဝင် ၄၅ ဦး၊ စလင်းမြို့နယ် အရှေ့ရှားတော ကျေးရွာအုပ်စု ရိုးကုန်းကျေးရွာ၏အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် နေအိမ်ငါးလုံးမှ မိသားစုဝင် ၂ဝ၊ စလင်းမြို့နယ် ဆင်မ ကျွန်းကျေးရွာအုပ်စု အချင်းပြစ်(တောင်/မြောက်) ကျေးရွာတို့၏ အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် အိမ်ငါးလုံးမှ မိသားစုဝင်ရှစ်ဦး၊ စလင်းမြို့နယ် သနပ်ကုန်းကျေးရွာအုပ်စု ငွေသောင် ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့၏အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် အိမ်လေးလုံးမှ မိသားစုဝင် ၁၆ ဦးတို့အား ကျေးရွာ တာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များ၊ ဒေသခံ များက ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ဧရာဝတီ မြစ်ရေတိုက်စားမှု ကြောင့် ဇွန် ၂၂ ရက်မှ ဇူလိုင် ၄ ရက် အထိ ပြောင်းရွှေ့ခဲ့ရသည့် ရေပေါ်ကျွန်းကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ ဆင်မကျွန်းကျေးရွာ၊ သနပ်ကုန်း ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ အရှေ့ရှားတောကျေးရွာနှင့် တလင်းကြီးကုန်းကျေးရွာတို့မှ ပြောင်းရွှေ့နေအိမ်လုံး ၈ဝ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ လုံချည်ထည်များ၊ မျက်နှာ သုတ်ပဝါများနှင့် ကာဘော်လစ်ဆပ်ပြာတောင့် ၈ဝ တို့ အား စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်း အဝေးခန်းမ၌ ဇူလိုင် ၇ ရက် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီခွဲအထိ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းသိန်းနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ တို့က ပေးအပ်ခဲ့သည်။

ကျန်ရှိနေသော ပြောင်းရွှေ့ပြည်သူများအား အကူအညီပေးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းများထံမှ သိရသည်။

ဇေယျတု(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် အိမ်ခြေ ၆၀ ခန့်ပြောင်းရွှေ့  စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် အိမ်ခြေ ၆၀ ခန့်ပြောင်းရွှေ့ Reviewed by သစ်ထူးလွင် on 05:28 Rating: 5
Powered by Blogger.