ကြံ့ခိုင်ရေးပါတီတွင်း ကွဲလွဲမှုတွေ ပိုထင်ရှားလာ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးတစ်ခုကို မြင်ရစဉ် (Credit: ABC)
 ကယားပြည်နယ် ​ဝန်ကြီးချုပ်လည်းဖြစ် ​ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီကော်မတီရဲ့ ​ပြည်နယ် ​ဥက္ကဌ ​လည်းဖြစ်တဲ့ ​ဦးခင်မောင်ဦးဟာ ​ပါတီခေါင်းဆောင်အဖြစ် ​ဦးဆောင်မှု ​မပြုနိုင်တဲ့အတွက် ​ ပါတီကနေ ​နှုတ်ထွက်ခွင့်ပြုတာ ​ဖြစ်တယ်လို့ ​ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီက ​ထုတ်ပြန်ထားပါတယ်။

ဦးခင်မောင်ဦးဟာ ​ရွေးကောက်ပွဲအတွက် ​ကိုယ်စားလှယ်လောင်းအဖြစ် ​လျာထားသတ်မှတ်ထားတဲ့ ​ပါတီရဲ့ ​မူဝါဒတွေကို ​လိုက်နာမှု ​မရှိတာတွေအပြင် ​ပါတီတွင်း ​စိတ်ဝမ်းကွဲပြားမှုကို ​လုပ်တဲ့အတွက် ​စုံစမ်းစစ်ဆေးရေး ​အဖွဲ့က ​စစ်ဆေးတာကို ​ခံခဲ့ရတယ်လို့ ​ဆိုပါတယ်။

အဲဒီလို ​စစ်ဆေးခံရစဉ်အတွင်း ​ဦးခင်မောင်ဦးက ​ကယားပြည်နယ်ရဲ့ ​ကြံ့ခိုင်ဖွံ့ဖြိုးရေးကော်မတီကနေသာမက ​ပါတီဝင်တစ်ဦးကနေလည်း ​နှုတ်ထွက်သွားတာလို့ ​ဆိုပါတယ်။

ဝန်ကြီးချုပ် ​ဦးခင်မောင်ဦး ​မတိုင်ခင် ​ကယားပြည်နယ် ​ဝန်ကြီးတချို့ကလည်း ​နှုတ်ထွက်မှုတွေ ​ရှိခဲ့ပါတယ်။

ပြဿနာတွေ ​ဖြစ်ပြီး ​ပါတီကနေ ​နှုတ်ထွက်တာ ​မဟုတ်ဘူးလို့ ​အစောပိုင်းတုန်းက ​ပြောခဲ့ကြပေမယ့် ​အခုအခါမှာတော့ ​ပါတီအတွင်း ​သဘောထား ​ကွဲလွဲမှုတွေ ​ရှိနေတာကို ​ထင်ဟပ်စေပါတယ်။

နိုင်ငံတော်သမ္မတရုံး ​ဝန်ကြီးတွေဖြစ်တဲ့ ​ဦးစိုးသိန်းနဲ့ ​ဦးအောင်မင်းတို့က ​ကယားပြည်နယ် ​ရှားတောမြို့နယ်နဲ့ ​ဘောလခဲမြို့နယ်တွေမှာ ​ဝင်ရောက်ယှဉ်ပြိုင်ဖို့ ​ကြံ့ခိုင်ရေးပါတီကို ​တင်ပြပြီးနောက် ​ပြည်နယ်အစိုးရအတွင်း ​နှုတ်ထွက်မှုတွေ ​ထွက်ပေါ်လာတာလို့လည်း ​ပြောဆိုနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကြံ့ခိုင်ရေးပါတီတွင်း ကွဲလွဲမှုတွေ ပိုထင်ရှားလာ  ကြံ့ခိုင်ရေးပါတီတွင်း ကွဲလွဲမှုတွေ ပိုထင်ရှားလာ Reviewed by သစ်ထူးလွင် on 16:47 Rating: 5
Powered by Blogger.