နေပြည်တော် ဇူလိုင် ၂၄
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၆/၇ နှင့် ၇/ဝ ကြား (အပြန်လမ်း)၌ ဇူလိုင် ၂၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က ဦးနိုင်လင်း အောင် မောင်းနှင်လာသည့် ယာဉ် အမှတ် 7D/---- မှန်လုံ အမြန် ယာဉ်သည် ယာဉ်မောင်း အိပ်ငိုက် ၍ Road Curb တုံးများအား ဝင်တိုက်မိပြီး လမ်းလယ်ကျွန်း ပေါ်ရောက်ရှိကာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သဖြင့် ရှေ့လေကာမှန်ကွဲ သွားခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှု ကြောင့် Road Curb တုံး ၄၈ ပေ ပျက်စီးသွားပြီး ယာဉ်မောင်း အပါ အဝင် ယာဉ်ပေါ်တွင် လိုက်ပါလာ သည့် ခရီးသည် ၂၇ ဦး ထိခိုက် ဒဏ်ရာမရှိကြောင်း သိရသည်။ ယင်း ဖြစ်စဉ်ကို အမှတ်(၃)အမြန်လမ်း ရဲစခန်းက အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အလားတူ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတိုင်း ဦးကြည် ထွန်းဝင်း (၅၉နှစ်) နေပြည်တော် နေသူ မောင်းနှင်လာသည့် ယာဉ် အမှတ် 8J/---------, Hi-Ace (အဖြူရောင်) ယာဉ်သည် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၆၉/၁ နှင့် ၁၆၉/၂ ကြား၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကို ကျော်ဖြတ်ကာ တစ်ဖက်ယာဉ်ကြောရှိ ယာဉ်မောင်း ဦးသက်နိုင် (၄၉နှစ်) စမ်းချောင်းမြို့ နေသူ မောင်းနှင်လာသည့် ယာဉ် အမှတ် BB/------- Starex ခဲရောင်ယာဉ်အား ဝင်တိုက်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကို သာဂရအမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှု ကြောင့် Starex ယာဉ်ပေါ်ပါလာသူ အမျိုးသား နှစ်ဦးနှင့် Hi-Ace ယာဉ်ပေါ်မှ အမျိုးသား တစ်ဦး ပေါင်းသုံးဦးမှာ အနည်းငယ်စီ ထိခိုက် ဒဏ်ရာရရှိသဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံ ခုတင် ၁ဝဝဝ သို့ ပို့ဆောင်ဆေးကုသမှု ခံယူနေ ကြောင်း သိရသည်။
ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမြန်လမ်း ယာဉ်မတော်တဆမှု တစ်ရက်အတွင်း နှစ်ကြိမ်ဖြစ်
Reviewed by THITHTOOLWIN
on
10:08
Rating: