မင်းပြားမြို့တွင် ထပ်မံရေကြီးနေ

( ဇွန်လ နောက်ဆုံးအပတ်က မင်းပြားတွင် ယခုလို ရေကြီးရေလျှံ ဖြစ်ပွားခဲ့သေးသည်။)
 စစ်တွေ၊ ဇူလိုင် ၂၇

 မိုး ၄ ရက်ခန့် ဆက်တိုက်ရွာသွန်းပြီးနောက် မင်းပြားမြို့ပေါ် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်နေသည်ဟု သတင်း ရရှိသည်။

“ မင်းပြားမြို့ မြို့ပေါ် ရပ်ကွက်တွေမှာ ဒီကနေ့ နံနက်မှ စတင်ပြီး ရေလွှမ်းမိုးမှုကို ရင်ဆိုင်နေရပါပြီ။ မြစ် အပေါ်ပိုင်း ကနေ တောင်ကျ ချောင်းရေတွေ ပေါက်လာပြီး ခုလို ရေမြုပ်နေတာပါ” ဟု
မင်းပြားမြို့ခံ ဦးသိန်းဇံက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

အလယ်ပိုင်းရပ်ကွက်တွင် နေရာအနည်းငယ်နှင့် ဈေးဟောင်းပိုင်းတွင် နေရာအနည်းငယ်မှအပ မင်းပြားတစ်မြို့လုံး ရေမြုပ်နေသည်ဟု သိရသည်။

“အခုရေကြီးမှုက ဇွန်လကထက် ပိုကြီးပြီးတော့ မနက်ဖြန် သန်ဖက်ဆိုရင် ဒီရေကျတာနဲ့ ကမ်းပြိုမှုတွေ ဖြစ်ပွားလာနိုင်ပါတယ်။ အခု ရေက ၂ ပေကျော် ၃ ပေကျော်လောက် ရှိနေပြီ၊ အခုဆက်ပြီးတော့လည်း ရေက ကြီးလာတုန်းပါပဲ။ အခုထိတော့ အိမ်ပျက်စီးမှုတွေ၊ နေရာရွှေ့တာတွေ မရှိသေးပါဘူး”ဟု ဦးသိန်းဇံက ပြောသည်။

မြစ်ရေကြီးမှုကြောင့် မြို့ပေါ်ရှိကျောင်းများကို ပိတ်ထားရပြီး သက်ဆိုင်ရာက ရေကြီးမှုကို စောင့်ကြည့်နေသော်လည်း သတိပေးမှု တစ်စုံတရာ မရှိသေးကြောင်း သိရသည်။

စံမောင်သန်း
Narinjara
https://www.facebook.com/pages/Narinjara

မင်းပြားမြို့တွင် ထပ်မံရေကြီးနေ  မင်းပြားမြို့တွင် ထပ်မံရေကြီးနေ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.