ယနေ့မွန်းလွှဲ ၂ နာရီကျော်တွင် မြန်မာစစ်တပ်နှင့် (ဒီကေဘီအေ) ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

ဗိုလ်မှူးချုပ်ကျော်သက်နှင့် (ဒီကေဘီအေ) တပ်မှူးအချို့  ။
ဇူလိုင် - ၁၀ - ၂၀၁၅

 မြ၀တီ - ကောကရိတ် ဒေါနတောင်ကျော် ကားလမ်းဟောင်းအနီး ကော့ကရိတ်မြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ (ဒီကေဘီအေ) ဒီနေ့မွန်းလွှဲ ၂ နာရီကျော်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးချုပ်ကျော်သက်က အတည်ပြု ပြောဆိုပါတယ်။

၎င်းက" ကျနော်တို့ တပ်စွဲထားတဲ့ နေရာကို လာတိုက်လို့ ပြန်တိုက်ရတာဖြစ်တယ်၊ ဒီနေ့ ၂ နာရီကျော်လောက်မှာပါ တိုက်ပွဲက မီနစ်ပိုင်းလောက်ဘဲ ကြာပါတယ် အခုတော့ငြိမ်သွားပြီ" ဟု ဆိုသည်။

၎င်းတို့ကိုလာတိုက်သည့် မြန်မာစစ်တပ်ကို ဒီကေဘီအေဘက်က အတိအကျပြောဆိုခြင်း မရှိသေးသော်လည်း ဒေသခံများက ခမရ ၂၇၅ ဖြစ်သည်ဟု ပြောဆိုကြသည်။

ဒီကေဘီအေအဖွဲ့သည် မြ၀တီ - ကော့ကရိတ်ကို ဆက်သွယ်ထားသည့် ပင်မလမ်းနှစ်သွယ် အနီးမှတပ်များ ဆုတ်ခွာသွားပြီး ယခင်တပ်စွဲထားသည့် နေရာနှင့် မနီးမဝေးတွင် တပ်များ ပြန်လည်ချထားသည်ဟု ဒီကေဘီအေက ပြောသည်။

ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် မြန်မာစစ်တပ်က ဒီကေဘီအေကို လာရောက် တိုက်ခိုက်ခြင်းကြောင့် ပြန်လည်တိုက်လိုက်ရခြင်း ဖြစ်သည်ဟု ဒီကေဘီအေ ကလို့ထူးဝါးအခြေချ စစ်ဗျူ ဟာမှူး ဗိုလ်မှူးချုပ်ကျော်သက်က ပြောဆိုသည်။

မြ၀တီ - ကော့ကရိတ်လမ်းဟောင်းအနီး ယနေ့တွင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော်လည်း အဆိုပါလမ်းကို ခရီးသွားများ ပုံမှန်အသုံးပြုလျှက်ရှိသည်ဟု ယာဉ်မောင်းသမားများက ပြောသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား (မီဒီယာ)
https://www.facebook.com/knm.karen

ယနေ့မွန်းလွှဲ ၂ နာရီကျော်တွင် မြန်မာစစ်တပ်နှင့် (ဒီကေဘီအေ) ရင်ဆိုင်တိုက်ပွဲဖြစ်ပွား  ယနေ့မွန်းလွှဲ ၂ နာရီကျော်တွင် မြန်မာစစ်တပ်နှင့် (ဒီကေဘီအေ) ရင်ဆိုင်တိုက်ပွဲဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:55 Rating: 5
Powered by Blogger.