သီတင်း တစ်ပတ်အတွင်း ရာသီဥတု အခြေအနေကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ယာယီ ပိတ်ခဲ့ရမှုများ ရှိပြီး ခရီးစဉ်တစ်ချို့ နောက်ကျ ဆိုက်ရောက်
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
    ယခု သီတင်းတစ်ပတ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတု အခြေအနေများကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ လေယာဉ်ကွင်း၊ ပြည်တွင်း/ပြည်ပ လေယာဉ် အတက်အဆင်းများ အားလုံးကို ခေတ္တ ယာယီ ပိတ်ခဲ့ရမှုများရှိပြီး လေယာဉ် ခရီးစဉ် နောက်ကျ ဆိုက်ရောက်ခဲ့ရခြင်းများ ရှိကြောင်း လေကြောင်း ရဲတပ်ဖွဲ့ မှ သိရသည်။
ဇူလိုင်လ ၂၀ ရက်မှ ၂၇ ရက်အထိ သီတင်းတစ်ပတ်အတွင်း သုံးကြိမ် ခေတ္တပိတ်ခဲ့ပြီး ဇူလိုင် ၂၀ ရက်တွင် ၂၂ မိနစ်အကြာ ယာယီပိတ်ထားခဲ့ရပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ဇူလိုင် ၂၄ ရက်တွင် ရာသီဥတု ဆိုးရွားပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မန္တလေးမှ ရန်ကုန်သို့ ပျံသန်းလာသော Air Bagan လေကြောင်းလိုင်း သည် လေယာဉ်ပြေးလမ်းမှ လမ်းချော်ခြင်း ဖြစ်ပွားခဲ့သဖြင့် ၂ နာရီ ၅၀ မိနစ်အကြာ လေယာဉ်ကွင်း ပိတ်ခဲ့ရသည်။ ဇူလိုင်လ ၂၇ ရက်တွင်လည်း ရာသီဥတုအခြေအနေကြောင့် ၁၈ မိနစ်အကြာ လေယာဉ်ကွင်းကို ယာယီ ပိတ်ခဲ့ရကြောင်း လေကြောင်း ရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
 (Xinhua)
http://www.xinhuamyanmar.com
သီတင်း တစ်ပတ်အတွင်း ရာသီဥတု အခြေအနေကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ယာယီ ပိတ်ခဲ့ရမှုများ ရှိပြီး ခရီးစဉ်တစ်ချို့ နောက်ကျ ဆိုက်ရောက်  သီတင်း တစ်ပတ်အတွင်း ရာသီဥတု အခြေအနေကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ယာယီ ပိတ်ခဲ့ရမှုများ ရှိပြီး ခရီးစဉ်တစ်ချို့ နောက်ကျ ဆိုက်ရောက် Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.