သီပေါ-နမ္မတူ ကားလမ်းမှာ ယာဉ်တိမ်းမှောက်၊ (၃)ဦးသေ၊ (၆)ဦးဒဏ်ရာရ

 လမ်းအလုပ်သမားများ လိုက်ပါလာသောယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်၍ (၃)ဦးသေ၊ (၆)ဦးဒဏ်ရာရ
နေပြည်တော်၊ ဇူလိုင် ၁၉

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ နမ့်ဆီလင်းကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မန်စံရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ သီပေါ-နမ္မတူ ကားလမ်းအတိုင်း သီပေါဘက်မှ မန်စံကျေးရွာဘက်သို့ ကျောက်မဲမြို့၊ ရပ်ကွက်(၉)နေ ကိုသက်(ခ) ကျော်လွင်သိန်း(၃၉)နှစ်မောင်းနှင်ပြီး လမ်းအလုပ်သမားများလိုက်ပါလာသော ၉ဌ/×××× လီဖန်း အပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လမ်းအလုပ်သမားများအနက် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်၊ ပန်းလောင်းကျေးရွာနေ မမေသူဝင်း(၁၈)နှစ်ပါ မ(၃)ဦးတွင် ဒဏ်ရာများ အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး တစ်ရွာတည်းနေ မအငယ်မ(ခ)မနီနီထွန်း (၁၇)နှစ်ပါကျား ၃ ဦး၊ မ ၃ ဦး၊ စုစုပေါင်း(၆)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မန်စံ တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ကိုသက်(ခ)ကျော်လွင်သိန်းအား နမ္မတူမြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

သီပေါ-နမ္မတူ ကားလမ်းမှာ ယာဉ်တိမ်းမှောက်၊ (၃)ဦးသေ၊ (၆)ဦးဒဏ်ရာရ  သီပေါ-နမ္မတူ ကားလမ်းမှာ ယာဉ်တိမ်းမှောက်၊ (၃)ဦးသေ၊ (၆)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.