ယီမင်၌ အမျိုးသမီးတစ်ဦး အသေခံဗုံးခွဲ အနည်းဆုံးလူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရ


ဆာနား ဇွန် ၃ဝ

ယီမင်မြို့တော်ဆာနား၌ တနင်္လာနေ့ ညပိုင်းက ကားဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂ဝ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ဆာဘားသတင်းအေဂျင်စီ က ဖော်ပြသည်။

တိုက်ပွဲအတွင်း ရှီးယိုက်ဟူသီတိုက်ခိုက်ရေးသမား တစ်ဦးသေဆုံးသော အခမ်းအနားကျင်းပရာ နေအိမ် အနီး အမျိုးသမီးတစ်ဦးကကားဖြင့်ဝင်ရောက်ကာ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆာဘားသတင်း အေဂျင်စီမှ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြသည်။

တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂ဝ ဒဏ်ရာရ ခဲ့ကြောင်း၊ အချို့မှာ စိုးရိမ်ရကြောင်း၊ ယင်းအသေခံ တိုက်ခိုက်မှုမဖြစ်ပွားမီ ခန္ဓာကိုယ်ပေါ် ဖောက်ခွဲရေး ပစ္စည်းပတ်ထားသူသုံးဦးကို အစိုးရစစ်သည်များက ပစ်သတ်ခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထား သည်။

အဆိုပါ ပေါက်ကွဲမှုသည် ဟူသီရုံးနှင့် စစ်ဘက်ဆေးရုံ အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟူသီခေါင်းဆောင်များ အစည်းအဝေးပြုလုပ်နေသည့် ဟူသီရုံးကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ပတ်မပြည့်မီအတွင်း တတိယ အကြိမ်တိုက်ခိုက်သည့် တိုက်ခိုက်မှုဖြစ်သည်ဟု ဆို သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယီမင်၌ အမျိုးသမီးတစ်ဦး အသေခံဗုံးခွဲ အနည်းဆုံးလူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရ ယီမင်၌ အမျိုးသမီးတစ်ဦး အသေခံဗုံးခွဲ အနည်းဆုံးလူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 10:06 Rating: 5
Powered by Blogger.