ကသာမြို့နယ်အတွင်း လုံခြုံရေးချထားသော လှုပ်ရှားတပ်ဖွဲ့၏ ငွေတောင်းကြမ်းမှုကြောင့် ဒေသခံရွာသူရွာသားများ မခံမရပ်နိုင်ဖြစ်နေ (ပေးစာ)


 စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝကျေးရွာတံတား ၊  ချောင်းဝကျေးရွာ(၇)မိုင်စခန်း နှင့် မိုးတားလေးကျေးရွာ လမ်းဆုံအနီးတဝိုက်တွင် လုံခြုံရေးတာဝန်ယူထားသော ခလရ - ၃၈ မှ စစ်ကြောင်းမှူးနှင့်တကွ တပ်ဖွဲ့ဝင်များ၏ ဂိတ်ဖွင့်ပြီး တွေ့သမျှကို ငွေကြေးတောင်းခံနေမှုကြောင့် ဒေသခံရွာသူရွာသားများမှာ ရပ်ရွာအရေးနှင့် မိသားစု စားဝတ်နေရေး လုပ်ကိုင်စားသောက် ရခြင်းတို့မှာ လွန်စွာခက်ခဲလာကြောင်း ကြားသိရသည်။

ကသာမြို့နယ် ချောင်းဝကျေးရွာ ဟဲနားကျေးရွာ မှတ်တိုင်ကျေးရွာ မိုးတားကြီးကျေးရွာ မိုးတားလေးကျေးရွာ နှင့် အနီးတဝိုက်ရှိ ဒေသခံရွာသူရွာသားများသည် ၄င်းတို့ကျေးရွာအနီး တပ်စွဲကာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည်ဟူသော ခလရ - ၃၈ မှ စစ်ကြောင်းမှူး နှင့် အရာရှိစစ်သည် အကြပ်တပ်သားများ၏ ဂိတ်ဖွင့်၍ ငွေကြေးကောက်ခံမှုတို့ကြောင့် ရပ်ရွာအတွင်း လုပ်ကိုင်စားသောက်ကြရသည်မှာ အခက်အခဲများဖြင့် ကြုံတွေ့လာကြရသည်။

ကသာ - ဗန်းမော် ကားလမ်းပေါ်ရှိ မှောင်ခိုသစ်ကားကြီး/ငယ်များကို ဂိတ်ကြေးငွေ ကောက်ခံရုံသာမက ဒေသခံရွာသူရွာသားများ တနိုင်တပိုင် လုပ်ကိုင်စားသောက်နေရသည့် လုပ်ငန်းခွင်များကိုပင် ဆက်ကြေးငွေ ကောက်ခံသကဲ့သို့ တောင်းရမ်းစားသောက်နေကြသည် ဟု ကြားသိရသည်။

ကျွန်တော်က ရွာနီးနားက ဈေးဆိုင်တွေကို မီးသွေးရောင်းချပါတယ် သုံးဘီးဆိုင်ကယ်နဲ့ တစ်နေကုန် လှည့်ပတ်ပြီး ရောင်းချတာ ကျွန်တော့်အတွက် အမြတ်ငွေ တစ်သောင်းခွဲလောက် ကျန်ပါတယ်။ သုံးဘီးဆိုင်ကယ် ဆီဖိုးက ငါးထောင်ကုန်တယ်။ သူတို့တပ်ဖွဲ့က ငါးထောင်ကျပ်ပေးရတယ်ဆိုတော့ ကျွန်တော့် မိသားစု စားဝတ်နေရေး အတွက် ငါးထောင်ကျပ်ပဲ ကျန်ပါတော့တယ်။ အခြားသူတွေကိုလည်း ငွေတောင်းနေပါတယ် သုံးဘီးဆိုင်ကယ် ထော်လာဂျီ နွားလှည်းတွေမှာ အိမ်ခြံတိုင်လုံးလေးတွေ မီးသွေးအိပ်တွေ တဲအိမ်ဆောက်ဖို့ ပျဉ်ချောင်းလေးတွေ သယ်ယူလာရင် သူတို့ကို ငါးထောင် တစ်သောင်း ပေးနေရပါတယ်။ ကျွန်တော်တို့ ဖြစ်စေခြင်တာက မတောင်းရဘူး မဟုတ်ပါဘူး တောင်းပါ။ သို့သော် ရွာသူရွာသားတွေ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်နေရတာကို စာနာထောက်ထားသောအားဖြင့် လျော့လျော့ပေါ့ပေါ့လေး တောင်းယုစေလိုပါတယ် ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ကျန်မတို့က နဖူးကချွေး ခြေမထိကျအောင် လုပ်ကိုင်စားသောက်ကြရတာပါ ။ သူတို့က အမိုးအောက် ဂိတ်တဲလေးထဲကနေ ဘယ်လောက်ပေးပါ ။ မကိုက်ဘူး ဆိုရင် လုပ်မစားနဲ့ တွေ့ရင်တော့ ဖမ်းမှာပဲ  ဆိုပြီး ပြောနေတယ်။ အထက်က ကောက်ခံခိုင်းတဲ့ နှုန်းထားအတိုင်း ငွေကောက်ခံတာလို့ ပြောတယ်။ ရတဲ့ငွေကို အထက်ကို ပေးရတယ်။ အထက်က ခွဲတမ်းချပေးတာကိုပဲ သူတို့က ရယူကြရတာပါလို့ ဂိတ်ထိုင်ပြီး ငွေကြေးကောက်ခံသူက ပြောပါတယ်။ ဒီလိုဆိုတော့ ဒီရွာမှာ တာဝန်ကျနေတဲ့ ခလရ - ၃၈ တပ်ရင်းက လူတွေဟာ တရားဝင်ငွေကောက်ခံခွင့်ကို ရရှိထားကြသူတွေလို ဖြစ်မနေဘူးလား။ူတို့တာဝန်က ရပ်ရွာအေးချမ်းသာယာရေးနဲ့ လုံခြုံရေးကိုပဲ အဓိက လုပ်ဆောင်ပေးရမှာပါ။ အခုဆို ဒီစစ်တပ် ရောက်လာတာ သုံးလနီးပါးရှိပြီ။ သူတို့တွေ ရောမလာခင်က ကျွန်မတို့ရဲ့ ရွာသူရွာသားတွေ အေးအေးချမ်းချမ်ျးပျာ်ပျော်ရွှင်ရွှင်ပဲ လုပ်ကိုင်စားသောက် နေကြတာပါ။ နောက်ပြီးတော့ သစ်မှောင်ခို ကုန်သည်ကြီးတွေရဲ့ သစ်ကားကြီးတွေကို လစဉ်ကြေး ကောက်ယူသုံးစွဲနေကြပါတယ်။  ဒီစစ်တပ်တွေ တပ်စွဲလာပြီးနောက်ပိုင်း ဆက်ကြေးကောက်သလို ခပ်ကြမ်းကြမ်း ငွေတောင်ခံမှုတွေ များလားတော့ ရွာသူရွာသားတွေရဲ့ တနိုင်တပိုင် လုပ်ကိုင်စားသောက်မှုတွေကို ထိခိုက်လာတယ်။ မပျော်ရွှင်ကြတော့ဘူး ထိတ်လှန့်မှုတွေ တိုးလာတယ် ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်း ခလရ - ၃၈ ခြေလ်ျတပ်ရင်း၏ ထိပ်ပိုင်းခေါင်းဆောင်များမှာ -

ဗိုလ်မှူး ဟိန်းသာလှ (ဖုန်း - 096818381)

ဗိုလ်ကြီး ခွန်စီအောင် (ဖုန်း - 0973145497)

ဗိုလ် ကျော်ဇင်မင်း (ဖုန်း - 096805130)  ဟု  သိရှိရပါသည်။

ဒါတွေကို သက်ဆိုင်ရာ တပ်ချုပ်ကြီး မှ ဖြေရှင်းဆောင်ရွက်ပေးစေလိုပါသည်။

 ဒေသခံ ရွာသူရွာသားများ

BY THIT HTOO LWIN
ကသာမြို့နယ်အတွင်း လုံခြုံရေးချထားသော လှုပ်ရှားတပ်ဖွဲ့၏ ငွေတောင်းကြမ်းမှုကြောင့် ဒေသခံရွာသူရွာသားများ မခံမရပ်နိုင်ဖြစ်နေ (ပေးစာ)  ကသာမြို့နယ်အတွင်း လုံခြုံရေးချထားသော လှုပ်ရှားတပ်ဖွဲ့၏ ငွေတောင်းကြမ်းမှုကြောင့် ဒေသခံရွာသူရွာသားများ မခံမရပ်နိုင်ဖြစ်နေ (ပေးစာ) Reviewed by THITHTOOLWIN on 10:53 Rating: 5
Powered by Blogger.