၂၀၁၅ ရွေးကောက်ပွဲ အရေးကြီး ပုံ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား

 ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် မြို့မဘောလုံးအားကစားကွင်းမှာ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲ ဆိုင်ရာပညာပေး ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ် Photo: Kyaw Zaw Win/ RFA
 ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင် အဆုံးအဖြတ်ပေး မယ့် ရွေးကောက်ပွဲဆိုတာကို လူတိုင်းက လေးလေးနက်နက်ခံယူကြဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်မြို့နယ် မြို့မ ဘောလုံးအားကစားကွင်းမှာ ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြေပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာဖြစ်ပါတယ်။

"ကျမတို့ဟာ တစ်ကယ်ဒီနိုင်ငံကို ပြောင်းလဲဖို့ တစ်ကယ်ကို ဒီမိုကရေစီလမ်းပေါ်ကို ရောက်သွားဖို့ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာပါဆိုတာ လူတိုင်း၊ လူတိုင်းသိဖို့လိုပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲ မဲထည့်ဖို့ဆိုတာဟာ အခုလက်ရှိမဲထည့် ပိုင်ခွင့်ရှိတဲ့ ၁၈ နှစ်ကျော် နိုင်ငံသူ၊ နိုင်ငံသားများအတွက်ပါ မဟုတ်ဘူး၊ ကျမတို့ရဲ့ နိုင်ငံရဲ့အနာဂတ်အတွက်ဖြစ်တယ်ဆိုတာကို လေးလေးနက်နက်နှလုံးသွင်းစေချင်ပါတယ်"

ရွေးကောက်ပွဲအပြီး NLD ပါတီကသာ အစိုးရအဖွဲ့ဖွဲ့နိုင်ခဲ့ရင် ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်ဖို့ လုပ်ဆောင်မှာ မဟုတ်ပဲ အမျိုးသားရင်ကြားစေ့ရေးကိုပဲ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် NLD သာ အနိုင်ရလို့ အစိုးရအဖြစ်လုပ်ဆောင်နေချိန်မှာ ပြည်သူတွေက မလိုလားတော့ဘူး လို့ ပြောလာခဲ့ရင် ချက်ချင်းထွက်ပေးမယ်လို့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားအတိုင်း သူကလဲ ပြောရဲကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
၂၀၁၅ ရွေးကောက်ပွဲ အရေးကြီး ပုံ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား  ၂၀၁၅ ရွေးကောက်ပွဲ အရေးကြီး ပုံ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား Reviewed by THITHTOOLWIN on 07:53 Rating: 5
Powered by Blogger.