အစွန်းရောက်တဲ့ ကျောင်းသားကြောင့် စိုးရိမ်

Epping Boys အထက်တန်းကျောင်း (Credit: ABC) 
သြစတြေးလျနိုင်ငံ ​ဆစ်ဒနီမြို့က ​အထက်တန်းကျောင်းသား ​တစ်ယောက်ဟာ ​ကျောင်းအားကစားကွင်းမှာ ​အစွန်းရောက် ​ဝါဒီအကြောင်း ​ပြောဆိုမှုတွေ ​ရှိတဲ့အတွက် ​ကျောင်းသား ​မိဘတွေက ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

Epping ​Boys ​အထက်တန်း ​ကျောင်းက ​အသက် ​၁၇ ​နှစ်အရွယ် ​ကျောင်းသား ​တစ်ယောက်ဟာ ​ကျောင်းကစားကွင်းမှာ ​အစ္စလာမ် ​အစွန်းရောက် ​ဝါဒတွေကို ​ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ​အကြမ်းဖက်မှု ​နှိမ်နင်းရေး ​ရဲတွေက ​ဒီအမှုကို ​စုံစမ်းနေပြီး ​အဲဒီ ​ကျောင်းသားဟာ ​ဂျီဟတ်ဒစ် ​သမား ​နှစ်ယောက်နဲ့ ​ဆက်သွယ်မှု ​ရှိတယ်လို့ ​ဆိုပါတယ်။

အဲဒီ ​ဂျီဟတ်ဒစ် ​သမား ​နှစ်ယောက်ကို ​ရဲတွေက ​ထိန်းသိမ်းထားပြီ ​ဖြစ်ပါတယ်။

အဲဒီ ​လူငယ်ဟာ ​စာသင်ကျောင်းက ​တချို့မွတ်စလင် ​လူငယ်တွေကို ​အစွန်းရောက် ​ဘာသာရေးအကြောင်း ​ပြောနေတဲ့အတွက် ​မွတ်စလင် ​မိဘတွေက ​အစွန်းရောက် ​အယူတွေကို ​သူ့တို့ ​သားသမီးတွေ ​လက်ခံမှာကို ​စိုးရိမ်နေကြပါတယ်။

သြစတြေးလျနိုင်ငံက ​ဆယ်ကျော်သက်တွေတချို့ ​အင်တာနက် ​အွန်လိုင်းကနေ ​အစွန်းရောက် ​ဝါဒီတွေရဲ့ ​ဖြန့်ချီမှုကို ​ခံရပြီး ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းဖို့ ​သြစတြေးလျကနေ ​ထွက်ခွာသွားတာမျိုး ​ရှိတဲ့အတွက် ​စိုးရိမ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အစွန်းရောက်တဲ့ ကျောင်းသားကြောင့် စိုးရိမ်  အစွန်းရောက်တဲ့ ကျောင်းသားကြောင့် စိုးရိမ် Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.