ကြံခင်း၊ ဇူလှိုင် ၂၀။
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် (၆၈)ကြိမ်မြောက် အာာနည်နေ့အခမ်းအနား၌ စိုက်ထူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုသည် (၂၀-၇-၂၀၁၅)နေ့ နံနက် (၇)နာရီအချိန်ခန့်တွင် ဆေးကြောင်နေသောမသမာသူတစ်ဦးကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါဖျက်ဆီးခဲ့သူမှာ ဖြိုးကျော်ဌေး(ခ) ငဖြိုး (ဘ) ဦးမောင်ချော (မိ) ဒေါ်ကျင်သန်း၊ အသက် (၂၄)နှစ် ဟိုင်းကြီးကျွန်းဇာတိသားဖြစ်ပြီး၊ လက်ရှိနေရပ်မှာ တာကြီးတန်း၊ အမှတ်(၁)ရပ်ကွက်၊ ဘက်ရဲမြို့တွင် အိမ်ငှားနေထိုင်သူဖြစ်ကြောင်း သိရကာ၊ ဖျက်ဆီးသည့်အချိန် လူထုမှဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး၊ တာဝန်ရှိရဲများမှ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရန် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
သတင်းဓါတ်ပုံ - Hinthata HumanRights
https://www.facebook.com/hinthata.humanright
ကြံခင်းမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု မသမာသူလူတစ်ဦးကြောင့် ပျက်စီး
Reviewed by THITHTOOLWIN
on
15:43
Rating: