သမ္မတဟောင်း ဘုရှ် ဆီနီယာ လဲကျ၊ လည်ပင်းရိုးကျိုး

သမ္မတဟောင်း George Bush senior (Credit: AFP) 
 အမေရိကန်နိုင်ငံ ​သမ္မတဟောင်း ​ဂျော့ဂ်ျဘုရှ် ​ဆီနီယာ ​ဟာ ​နေအိမ်မှာ ​လဲကျရာက ​လည်ပင်းရိုး တစ်ချောင်း ​ကျိုးသွားတယ်လို့ ​ပြောခွင့်ရပုဂ္ဂိုလ်က ​ဆိုပါတယ်။

ကျန်းမာရေး ​အခြေအနေက ​ငြိမ်သက်နေပေမယ့် ​လည်ပင်းမှာ ​လည်ပတ်တော့ ​ဝတ်ထားရမယ်လို့ ​ဆိုပါတယ်။

အသက် ​၉၁ ​နှစ်အရွယ် ​ဂျော့ဂ်ျဘုရှ်ကို ​အခုလောလောဆယ် ​ဆေးရုံတင်ထားရပြီး ​သတိတွေ ​ကောင်းမွန်နေတဲ့အတွက် ​မကြာခင်မှာ ​ဆေးရုံကနေ ​ဆင်းလာမယ်လို့ ​မျှော်လင့်ရကြောင်း ​ပြောပါတယ်။

သမ္မတ ​ဘုရှ် ​ဆီနီယာဟာ ​၁၉၈၉ ​ခုနှစ်ကနေ ​၁၉၉၃ ​ခုနှစ်အထိ ​အမေရိကန် ​သမ္မတအဖြစ် ​အမှုထမ်းဆောင်ခဲ့ပြီး ​အီရတ် ​သမ္မတ ​ဆာဒန် ​ဟူစိန်ကို ​မုန်းတီးမှုနဲ့ ​၁၉၉၀ ​ပြည့်နှစ်တုန်းက ​ကူဝိတ်နိုင်ငံကို ​ဝင်ရောက်တိုက်ခိုက်မှုအတွက် ​ဝေဖန်ခံခဲ့ရသူ ​ဖြစ်ပါတယ်။

သမ္မတအဖြစ် ​ဒုတိယ ​သက်တမ်း ​ရရှိဖို့ ​ကြိုးစားပေမယ့် ​သမ္မတ ​ကလင်တန်က ​အနိုင်ရရှိသွားပါတယ်။

သူ့ရဲ့သား ​ဂျော့ဂ်ျဘုရှ် ​ဂျူနီယာကလည်း ​နောက်ပိုင်းမှာ ​သမ္မတ ​ဖြစ်လာသလို ​၂၀၁၆ ​ခုနှစ်မှာ ​ပြုလုပ်မယ့် ​သမ္မတ ​ရွေးကောက်ပွဲမှာလည်း ​သူ့ရဲ့သား ​Jeb ​Bush ​က ​ဝင်ရောက်ယှဉ်ပြိုင်မယ့်အတွက် ​သမ္မတ ​ဖြစ်ဖို့ ​အစဉ်အလာများတဲ့ ​မိသားစုလို့ ​တင်စားကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သမ္မတဟောင်း ဘုရှ် ဆီနီယာ လဲကျ၊ လည်ပင်းရိုးကျိုး  သမ္မတဟောင်း ဘုရှ် ဆီနီယာ လဲကျ၊ လည်ပင်းရိုးကျိုး Reviewed by သစ်ထူးလွင် on 17:17 Rating: 5
Powered by Blogger.