အကြမ်းဖက်ဖြိုခွင်းပြီး ထိန်းသိမ်းခံထားရသည့် ကျောင်းသားများက လက်ပံတန်းမြို့နယ်ရဲမှူးနှင့် စခန်းမှူးအား မတရား ဖမ်းဆီးချူပ်နှောင်မှုဖြင့် တရားပြန်စွဲဆို


မတ် ၁၀ရက်နေ့ လက်ပံတန်းအကြမ်းဖက်ဖြိုခွင်းပြီး သာယာဝတီ အကျဉ်းထောင်တွင် ထိန်းသိမ်းခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ပံတန်းမြို့ နယ်မှူးနှင့်ရဲစခန်းမှူးအား မတရားဖမ်းဆီး ချူပ်နှောင်မှုဖြင် ကျောင်း သားရှေ့နေ ဦးရောဘတ်စန်းအောင်က တရားစွဲရန် လျှောက်လွှာ တင်ကြောင်း သိရသည်။

ဖမ်းဆီးခံကျောင်းသားများဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး တရားလိုပြုလုပ်တိုင်ကြားသည့် ရဲမှူးထွက်ဆိုချက်များ စစ်ဆေးသိရှိချက် များ၊ ကျောင်းသားနှင့်ဝန်းရံပြည်သူများအား ယမန်မယူဘဲ သာယာဝတီ အကျဉ်းထောင်သို့ တိုက်ရိုက် ချူပ်နှောင်ထားခြင်းများနှင့် သက် ငယ်ကျောင်းသား နှစ်ဦးအား အသက်ပြည့်မီသူများအား စွဲဆိုသည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းကြောင့် ယခုကဲ့ မတရားဖမ်း ဆီးချူပ်နှောင်မှုဖြင့် လျှောက်လွှာတင်ခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ``လျှောက်လွှာ တင်တာဖြစ်တယ်။ရဲမှူးဖုန်းမြင်ကိုစစ်ဆေးတယ်။နောက် သူရဲ့စစ်ဆေးချက် အရ အမှုကိုပွားပြီးတော့အမှုကိုထိမ်ချန်နေတယ် အဲ့ဒါတွေက သက် ငယ်နှစ်ယောက်ကို လူကြီးပုဒ်မနဲ့ထောင်ပို့ တယ်။ အဲ့ဒါကြောင့်မို့သူတို့ ရဲမှူးဖုန်းမြင့်ရယ်၊ စခန်းမှူးကို မတရားဖမ်းဆီး မှုဖြင့် လျှောက်လွှာ တင်တာဖြစ်တယ်´´ဟု ဇူလိုင် ၂၇ရက်က ဆက်သွယ်မေးမြန်းချက် အား ပြန်လည်ဖြေကြားသည်။

သာယာဝတီတရားရုံးတွင် မတ်၁၀ရက်က အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး အတွက် တောင်းဆို သည့် ကျောင်းသား သပိတ်အား ရဲတပ်ဖွဲ့မှ အကြမ်း ဖက်ဖြိုခွင်းပြီး ကျောင်းသား များအား တရားစွဲခဲ့ သည့် ကိစ္စနှင့်ပတ်သက်ပြီး တရားလိုပြုလုပ်တိုင်ကြားခဲ့သည့် ရဲမှူးအား ဇူလိုင် ၂၁ရက်က ကျရောက်သည့် ၁၄ကြိမ်မြောက် ရုံးချိန်း တွင် ကျောင်းသားများဘက်မှ ရှေ့နေများမေးမြန်းချက်အရ ယခုကဲ့သို့ ဥပဒေမဲ့တရားစွဲဆိုခြင်းများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

ယခုအမှုနှင့်ပတ်သက်ပြီး ကျောင်းသားများဘက်ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က မတရားဖမ်းဆီးချူပ်နှောင်မှုဖြင့် တရားစွဲ ဆိုနိုင်ရေးအတွက် လျှောက်လွှာတင်ခြင်းဖြစ်ပြီး အဆိုပါ လျှောက်ထားချက် အား နောက်တစ်ကြိမ်ရုံးချိန်းဖြစ်သည့် သြဂုတ်လ ၄ရက်နေ့တွင် အမိန့်ချ မှတ်မည်ဖြစ်ကြောင်း ပြောပြချက်များအရ သိရသည်။

တရားလွှတ်တော်ရှေ့နေဦးဌေးက``သြဂုတ် ၄ရက်နေကို ရုံးချိန်းချိန်းဆို လိုက်တယ်။ အဲ့ဒါက ရောဘတ်စန်းအောင် က လျှောက်တာဖြစ် တယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ စခန်းမှူးကို သူကလျှောက်တာဖြစ် တယ်။တရားရုံးကလျှောက်ထားရင်လက်ခံလိုက်တာဖြစ်တယ်။ အမိန့်ကတော့ နောက်တပတ်မှချမှာဖြစ်တယ်´´ဟု ပြောသည်။

ယခုကဲ့သို့လျှောက်လွှာတင်သွင်းခြင်းနှင့် ပတ်သက်ပြီး ဗ.က.သ ကျောင်း သားခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုနန္ဒာစစ်အောင် အမည်ဖြင့်ဖွင့် ထားသည့် ဖေဘုတ် စာမျက်နှာပေါ် တွင် `မြို့နယ်မှူးနဲ့စခန်းမှူး ကိုမတရား ဖမ်းဆီးချုပ်နှောင်မှုနဲ့ကျနော်တို့ရှေ့နေတရားပြန်စွဲပြီ။တရားရုံးမှာလက်ခုပ်သံတွေညံဟီးလို ´ဟု ဇူလိုင် ၂၇ရက် နေ့လည် ၂နာရီခန့်က ရေးသား ထားကြောင်း တွေ့ရသည်။

ယခုသာယာဝတီတရားရုံးချိန်းသည် ၁၀ကြိမ်မြောက် တရားရုံး ချိန်းဖြစ်ပြီး၊ မူလတရားစွဲဆိုခဲ့သည့် လက်ပံတန်းတရားရုံးတွင် စစ်ဆေးခြင်း အပါအ၀င် ရုံးချိန်းပေါင်း ၁၅ချိန်းရှိ ပြီဖြစ်ကြောင်း သိရသည်။

သတင်းထောက် -စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
အကြမ်းဖက်ဖြိုခွင်းပြီး ထိန်းသိမ်းခံထားရသည့် ကျောင်းသားများက လက်ပံတန်းမြို့နယ်ရဲမှူးနှင့် စခန်းမှူးအား မတရား ဖမ်းဆီးချူပ်နှောင်မှုဖြင့် တရားပြန်စွဲဆို  အကြမ်းဖက်ဖြိုခွင်းပြီး ထိန်းသိမ်းခံထားရသည့် ကျောင်းသားများက လက်ပံတန်းမြို့နယ်ရဲမှူးနှင့် စခန်းမှူးအား မတရား ဖမ်းဆီးချူပ်နှောင်မှုဖြင့် တရားပြန်စွဲဆို Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.